လွန်ခဲ့တဲ့အပတ်က YG Entertainment ကနေပြီး 2NE1 ရဲ့ CL တစ်ယောက် အ၀တ်ဗလာ သရုပ်ဆောင်မယ်ဆိုတဲ့ သတင်း ကြေငြာပြီးကတည်းက ပရိတ်သတ်တွေ လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့ကြ ပါတယ်။ ကနဦး မျှော်လင့်ထားသလိုမျိုးနဲ့ ဆန့်ကျင်ဘက်ဖြစ်သွားခဲ့ပြီး တကယ်တမ်းမှာတော့ အနုပညာကို ဖော်ပြဖို့ ဦးစားပေးလုပ်ဆောင်ခဲ့ပါတယ်။ ဗီဒီယိုဟာလည်း အဆင့်၁၂မှာ ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။
သို့ပေမယ့်လည်း ယောက်ျားလေးအုပ်စုဖြစ်တဲ့ VIXX ရဲ့ VOODOO DOLL ဗီဒီယိုကတော့ စံပြုလောက်တဲ့ သည်းထိတ်ရင်ဖို ရိုက်ချက်တွေဖြစ်နေပါတယ်။ ဇာတ်ဆန်တဲ့မျက်နှာလိမ်းခြယ်မှု အပြင်အဆင်တွေနဲ့ ဗီဒီယိုကို ဖန်တီးထားပြီး သူတို့ရဲ့ ကကွက်ဆန်းတွေနဲ့ အယ်လ်ဘမ်ကို ပံ့ပိုးထားပါတယ်။ ဒီတော့ ကြည့်ရတာ K-pop ဗီဒီယိုနဲ့ သရုပ်ပြမှုတွေဟာ ယခုထက် တစ်ဆင့်ရင့်တဲ့ ပရိသတ်အလွှာကို တဖြည်းဖြည်း ပြောင်းလဲ ဦးတည်လာနေတယ်လို့ ဆိုနိုင်ပြီး ၁၉နှစ်အောက် ကလေးတွေကြိုက်ကြတဲ့ အဖွဲ့သစ် အနည်းငယ်ကိုလဲ သူတို့ကပဲ ဦးဆောင်နိုင်ပါလိမ့်မယ်။
သူတို့တင်ပဲလားဆိုတော့ အမျိုးသားအဆိုရှင်အဖွဲ့ HISTORY ရဲ့ What Am I To You ကလည်း သမရိုးကျမဟုတ်တဲ့ ဖော်ပြချက်တွေနဲ့ပါ။ အဲဒီ ဗွီဒီယိုထဲမှာဆိုရင် ဆေးလိပ်သောက်တာ၊ အရက်သောက်တာ နဲ့ အခြား သောင်းကျန်းမှုဆန်တဲ့ ပြကွက်တွေပါဝင်ထားတာ တွေ့ရပါတယ်။ တချို့က ပြင်းရှရှရသမျိုးတွေ ဖန်တီးနေချိန်မှာ တချို့ကတော့ sexy ဘက် စီးမျောနေတာ တွေ့ရပြန်တယ်။
ဒီတော့ ဒီအစွန်းနှစ်ဖက်ကြားမှာ ညီမျှခြင်းက ဘာလဲဆိုတာရယ် K-Pop ကို ဒီလိုအပြောင်း အလဲတွေဖြစ်အောင် မောင်းနှင်နေတဲ့ တခြားအရာ ရှိသေးဆိုတာကတော့ မေးခွန်းတစ်ခုပါပဲ။
Ref:kpopstarz