၂၀၁၃ခုနှစ်အတွင်း လက်စွမ်းကျဆင်းခဲ့ပြီး ဆုဖလားတွေနဲ့ ဝေးခဲ့ရတဲ့ မြောက်အိုင်ယာလန်ဂေါက်ရိုက်သမား မက်အီလ်ရွိုင်းဟာ အမေရိကန်အခြေစိုက်အားကစားပစ္စည်းထုတ်လုပ်ရေး Company Oakley နဲ့ ရင်ဆိုင်နေ ခဲ့ရတဲ့ တရားမမှုတစ်ခုကို ဖြေရှင်းလိုက်နိုင်ပြီဖြစ်ကြောင်း သိရပါတယ်။ မြောက်အိုင်ယာလန်သားဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီလမှာ Nike နဲ့ ပူးပေါင်းမှုစာချုပ်ချုပ်ဆိုခဲ့ပြီးတဲ့နောက်မှာ Oakley ကလည်း သူတို့ကို Nike နည်းတူ ပုံ ရိပ်အသုံးပြုခွင့်ပေးရမယ်ဆိုပြီး တောင်းဆိုလာခဲ့ပါ။ ဒီအမှုကို Oakley ဘက်ကနေ ကာလီဖိုးနီးယားပြည်နယ် တရားရုံးဆီ တိုင်ကြားခဲ့တာကြောင့် စစ်ဆေးနေခဲ့ရာကနေ ပြီးခဲ့တဲ့တနင်္လာနေ့ကမှ အပြီးသတ်နိုင်ခဲ့တာဖြစ် ပါတယ်။ ဒီအမှုကို နှစ်ဖက်တာဝန်ရှိသူတွေ၊ ကိုယ်စားလှယ်တွေ ထိပ်တိုက်ဖြေရှင်းခဲ့ကြပြီးတဲ့နောက်မှာတော့ ကျေအေးသွားခဲ့ကြတဲ့အတွက် အမှုပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း မက်အီလ်ရွိုင်းရဲ့ ကိုယ်စားလှယ်ကနေ အ တည်ပြုခဲ့တာဖြစ်ပါတယ်။
“ ဒီအမှုကို အဆုံးသတ်လိုက်နိုင်တဲ့အတွက် ၀မ်းသာမိပါတယ်။ အခုတော့ အားလုံးပြီးဆုံးသွားခဲ့ပါပြီ”လို့ ပြော ခဲ့တဲ့ မြောက်အိုင်ယာလန်သားဟာ အခုလအစောပိုင်းက ဒီအမှုကြောင့် တစ်နှစ်ပတ်လုံးစိတ်ဖိအားတွေဝင်နေ ခဲ့ရပါတယ်လို့ ၀န်ခံခဲ့ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာလည်း မက်အီလ်ရွိုင်းဟာ ဒဗလင်မြို့အခြေ စိုက် Horizon Sports Management နဲ့ ပူးပေါင်းထားမှုကို ဖျက်သိမ်းခဲ့ပြီး ကိုယ်ပိုင်စီမန်ခန့်ခွဲမှုအဖွဲ့အစည်း ကို စတင်ဖွဲ့စည်းခဲ့ပါသေးတယ်။