ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က တောင်ကိုရီးယားပြည်တွင်းထိပ်တန်းလိဂ်ပြိုင်ပွဲ K-League ပွဲစဉ်တစ်ပွဲဖြစ်တဲ့ အက်ဖ် စီဆိုးလ်နဲ့ ဘူဆန်အိုင်ပါခ့်တို့ပွဲကို ကစားခဲ့ကြရာမှာ အိမ်ရှင်အက်ဖ်စီဆိုးလ်အသင်းက ကိုလံဘီယာသားကွင်း လယ်ဖန်တီးရှင် မော်ရီစီရိုမိုလီနာဟာ ပွဲစပြီး (၂)မိနစ်မှာတင် ထိတ်လန့်စရာဖြစ်ရပ်နဲ့ ကြုံတွေ့လိုက်ရပါ တယ်။ အသင်းဖော်တစ်ယောက်ဖြတ်တင်ပေးလိုက်တဲ့ဘောလုံးကို ခေါင်းတိုက်ဖို့ကြိုးစားခဲ့ချိန်မှာ ပြိုင်ဘက် အသင်းဂိုးသမားရဲ့ လေထဲကဘောလုံးကို လက်သီးနဲ့ထိုးပြီး ပုတ်ထုတ်မှုက ဘောလုံးကိုမထကဘဲ မိုလီနာရဲ့ ခေါင်းကို တည့်တည့်မတ်မတ်ထိုးမိသွားတာကြောင့် ခြေပစ်လက်ပစ်ကို ပြုတ်ကျသွားခဲ့ပါတယ်။ လုံးဝကိုပြန်မ ထလာတော့ချိန်မှာ အက်ဖ်စီဆိုးလ်အသင်းဖော်တွေက တစ်ခုခုတော့မှားနေပြီဆိုပြီး ပြေးကြည့်လိုက်ကြတဲ့အ ခါ ကိုလံဘီယာသားအသက်လုံးဝ မရှုတော့ပါဘူး။ သူ့လျှာက လိပ်ပြီး အသက်ရှုလမ်းကြောင်းကို ပိတ်ဆို့နေခဲ့တာ ကြောင့် မရှုနိုင်မကယ်နိုင်ဖြစ်နေခဲ့တဲ့ မိုလီနာရဲ့ပါးစပ်ထဲကလျှာကို အသင်းဖော်တစ်ဦးက လက်နဲ့နှိုက်ထုတ်ပြီး ဖယ်ပေးလိုက်တော့မှ အသက်ပြန်ရှုလာခဲ့တာဖြစ်ပါတယ်။
ဆေးအဖွဲ့တွေရောက်လာပြီး ကုသပေးနေခဲ့ချိန်မှာ ပွဲကြည့်စင်ပေါ်က သူ့ဇနီးမျက်နှာမှာ ပူပန်မှုတွေအတိုင်းသား တွေ့နေခဲ့ရပြီး မိုလီနာရဲ့သားတစ်ယောက်ဆိုရင် ဖခင်ရဲ့အဖြစ်ကိုကြည့်ပြီး ငိုကြွေးနေခဲ့ရှာပါတယ်။ မိနစ်အ နည်းငယ်ကြာကုသပေးခဲ့ပြီးတဲ့နောက်မှာတော့ မိုလီနာပြန်လည်ကောင်းမွန်လာခဲ့ပြီး ဆေးရုံကိုပို့ဆောင်ခဲ့ကာ ဦးခေါင်းအတွင်းထိခိုက်မှုရှိမရှိ စစ်ဆေးခဲ့ကြပါတယ်။ “ကျွန်တော့ကို ပြန်လည်နိုးထစေခဲ့တဲ့တွန်းအားတွေက တော့ ကျွန်တော့အတွက် အရမ်းစိတ်ပူနေတဲ့ဇနီးသည်နဲ့ စင်ပေါ်မှာငိုနေခဲ့ကြတဲ့ သားလေးနှစ်ယောက်ပါပဲ။ ကောင်းကင်ဘုံကနေလွတ်လိုက်တဲ့ အကြီးမားဆုံးသောစွမ်းအင်တွေဖြစ်ပါတယ်။ သူတို့ကို ချစ်တယ်”လို့ ဆေး ရုံကဆင်းလာပြီးတဲ့နောက်မှာ Twitter ကတစ်ဆင့် ပြောခဲ့ပါတယ်။ သူတို့ထက်ပိုပြီး ကျေဇူးတင်သင့်တာက အသက်ရှုလမ်းကြောင်းမှာ ပိတ်နေတဲ့လျှာကိုနှိုက်ထုတ်ပေးခဲ့တဲ့ အသင်းဖော်လို့ဆိုရင်ရော လက်ခံနိုင်ကြမလား။