Kanye West က BBC ရေဒီယိုလိုင်း(၁)မှာ Zane Lowe က အင်တာဗျူးလုပ်ခဲ့ပြီး Kanye West ရဲ့ စိတ်ထဲက ဂီတ၊ အနုပညာနဲ့ ဖက်ရှင်တွေအကြောင်းကို တစ်နာရီကြာအောင် ပြောဖြစ်ခဲ့ကြပါတယ်။ Michael Jackson သာပေါ်မလာခဲ့ဖူးဘူးဆိုရင် Kanye West ဆိုတာလဲ ရှိလာမှာမဟုတ်ပါဘူးဆိုပြီး Kanye West ဟာ Michael Jackson ကို အမွှမ်းတင်ပြောခဲ့ပါတယ်။ အလွန်အကျွံ အမွှန်းတင်ပြောဆိုခဲ့တာတွေရဲ့ အဆုံးမှာတော့Kanye West ဟာ သူဟာ ကမ္ဘာ့နံပါတ်တစ် ရော့ခ်စတားတစ်ယောက်ပါလို့ ပြောခဲ့ပါတယ်။ ‘ရပ်ပ်ဆိုတာ ရောခ့်အင်န်ရိုးပုံစံသစ်တစ်ရပ်။ ကျွန်တော်တို့က ရောခ့်စတားတွေ။ တကယ့်ကို ရောခ့်စတားတွေ။ အဲ့ဒီ့ရော့ခ်စတားတွေထဲမှာမှ ကျွန်တော်က အကြီးကျယ်ဆုံးသောရော့ခ်စတား။ ကမ္ဘာ့နံပါတ်တစ်ရော့ခ်စတား ဆိုပြီး Kanye West က ကြွေးကြော်ခဲ့ပါတယ်။
(Ref:starpulse)
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။