Kanye Westဟာ Nike ကုမ္ပဏီနဲ့တွဲပြီး အကျိုးတူပူးပေါင်းဆောင်ရွက်ခဲ့တာ အချိန်အတော်ကြာခဲ့ပါပြီ။ ခုတော့ Adidasနဲ့ ပြောင်းပြီး Partner ဖြစ်နေပါတယ်။
ဂျာမနီထုတ် အားကစား အ၀တ်အစားကုမ္ပဏီကြီးဖြစ်တဲ့ Adidasနဲ့ Kanye Westတို့ရဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်နေမှုကို နယူးယောက် Hot 97 ရေဒီယိုရဲ့ ယနေ့လွှင့် Martinezရေဒီယိုရှိုးမှာ အင်တာဗျူးရင်းနဲ့ သိခဲ့ရပါတယ်။
“မူပိုင်ခရမယ်၊ မိသားစုကို ထောက်ပံ့ရမှာ ဖြစ်လို့ Adidasနဲ့ သဘောတူစာချုပ်ရေးထိုးခဲ့တာ။” လို့ Kanye Westက အင်တာဗျူးမှာ ပြောခဲ့ပါတယ်။ နိုဝင်ဘာ၂၄ရက်ည Madison Square Garden ရှိုးတုန်းကတော့ Nikeဟာ စီးပွားရေးပါတနာကောင်း မဟုတ်ဘူးလို့ ပယ်ပယ်နယ်နယ် ဝေဖန်ရှုံ့ချခဲ့ပါတယ်။ Kanye Westဟာ ပရော်ဖက်ရှင်နယ်အားကစားသမား တစ်ယောက်မဟုတ်တဲ့အတွက် သူ့ကို Nikeက မူပိုင်ခ မပေးတာပါ။
Ref:billboard
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။