နံနံရွက်ကို ဟင်းတွေမှာ ဖြူးဖို့ အများဆုံးအသုံးပြုပြီး အစားအသောက်ရဲ့ အနံ့အရသာကိုလည်း ပိုမိုတိုးတက်ကောင်းမွန်စေပါတယ်။ ဒါပေမယ့် ဒီဟင်းရွက်စိမ်းနဲ့ပတ်သက်ပြီး ပိုစိတ်ဝင်စားစရာကောင်းတာက ဆောင်းတွင်းမှာ ပုံမှန်ဖြစ်နေကျပြသနာ အသားရေခြောက်သွေ့မှု ဖြေရှင်းပေးနိုင်တဲ့အချက် ဖြစ်ပါတယ်။ အဲဒီအပြင် နံနံရွက်က အဖြစ်များတဲ့ အသားရေပြသနာ ဝက်ခြံနဲ့ ဆားဝက်ခြံတွေ ပျောက်ကင်းအောင် ကုသပေးပါတယ်။ ဒီတော့ ယခုဆောင်းရာသီအတွင်း အသားရေစိုပြေစေဖို့ တန်ဖိုးကြီး ခရင်မ်တွေ မဝယ်ခင် ထိရောက်တဲ့ ဒီသဘာဝနည်းကို အရင် စမ်းသုံးကြည့်ပါ။
အသုံးပြုနည်း
၁။ သန့်ရှင်းလတ်ဆတ်တဲ့ နံနံရွက်လက်တစ်ဆုပ်စာယူပြီး ကြိတ်စက်ထဲထည့်ပါ။ ရေအနည်းငယ်ရောပြီး အရည်ပျစ်ပျစ်လေးဖြစ်အောင် ကြိတ်ပါ။
၂။ အရည်ညစ်ယူဖို့ ပိတ်ပါး သို့မဟုတ် ရေစစ်သုံးပါ။ ပန်းကန်တစ်ခုထဲ နံနံရည် တစ်ဇွန်းထည့်ပြီး နနွင်းမုန့် တစ်ဆိတ်စာပေါင်းထည့်ပါ။ အမှုန့်တွေ မရှိတော့မချင်း မွှေပေးပါ။
၃။ အဲဒီအရောအနှောကို မျက်နှာမှာ လိမ်းပေးရပါမယ်။ မလိမ်းခင် မျက်နှာ ပြောင်ရှင်းနေပါစေ။
၎။ အချိန်အတိုင်းအတာတစ်ခု ထားရမှာမို့ ညဘက် လိမ်းပေးဖို့ အကြံပြုပါတယ်။
၅။ မျက်နှာကို ရေအေးနဲ့ ဆေးကြောသန့်စင်ပါ။ ဒါကို နေတိုင်းလုပ်ပေးရပါမယ်။
အကျိုးသက်ရောက်ပုံ
နနွင်းမှုန့်နဲ့ ရောစပ်လိုက်တဲ့အခါ နံနံရွက်ဟာ ခြောက်သွေ့တဲ့အသားရေအတွက် ထိရောက်မှု ရှိလာပါတယ်။ နံနံရွက်က ချွေးပေါက်ပိတ်နေတဲ့ အညစ်အကြေးတွေကို ဆေးကြောသန့်စင်ပေးပါတယ်။ ဒီ့ပြင် နံနံရွက်မှာ အသားအရေစိုပြေစေရုံမက အစွမ်းထက်ဓာတ်ဆန့်ကျင်ပစ္စည်းအဖြစ် ဆောင်ရွက်ပေးသော အငွေ့ပြန်လွယ်တဲ့အဆီတွေ ပါဝင်ပါတယ်။ နနွင်းက ကျယ်နေတဲ့ချွေးပေါက်တွေ ကျုံ့စေကာ အစိုဓာတ်ထိန်းပေးပါတယ်။ ဝက်ခြံနဲ့ တင်းတိပ်တွေ ကာကွယ်ပေးတဲ့ ရောဂါပိုးသတ်ဆေးအဖြစ်လည်း ဆောင်ရွက်ပေးပါတယ်။
Ref: thehealthsite