iPhoneနဲ့တွဲဖက် သုံးနိုင်မယ့် နားကြားကိရိယာကို နည်းပညာမြှင့်ထုတ်လုပ်ဖို့အတွက် Appleက ဒီတစ်နှစ်လုံး အားသွန်ခွန်စိုက် စောင်ရွက်နေခဲ့ပါတယ်။ Appleရဲ့ဟာ အလုပ်ကို ထင်ထားတာထက် ပိုပြီး အားစိုက်ဆောင်ရွက် နေပါတယ်။ နားကြားကိရိယာ ကုမ္ပဏီတွေအားလုံးကို Appleရဲ့ အကြံဉာဏ်နဲ့ နည်းပညာပိုင်းတွေကို မိတ်ဆက်ခဲ့ပါတယ်။ ဒိန်းမတ်နိုင်ငံ၊ GN Store Nord headset ကုမ္ပဏီက iPhoneတွေနဲ့ တွဲဖက်အလုပ်လုပ်မယ့် နားကြားကိရိယာကို ဦးဆုံးထုတ်လုပ်နိုင်ဖို့ လအနည်းငယ်ပဲ လိုပါတော့တယ်။
GN Store Nord headset ကုမ္ပဏီဟာ headsetလုပ်ကုမ္ပဏီ တွေထဲမှာ ကမ္ဘာ့နံပါတ်၎ အဆင့်ရှိပါတယ်။ Bluetooth နားကြပ်တွေလိုပဲ နားမှာတပ်ထားပြီး iPhoneတွေကနေ သီချင်းနဲ့ အသံတွေကို နားထောင်နိုင်မှာပါ။ နောက်ထပ်ကြားခံ စက်တစ်ခုမှ မလိုပါဘူး။
နားကြားကိရိယာနဲ့ iPhoneကို 2.4GHzနှုန်းသုံးပြီး ချိတ်ဆက်ချင်တယ်လို့ ထုတ်လုပ်ရေးကုမ္ပဏီတွေကို သွားရောက်တင်ပြခဲ့ပါတယ်။ GNရဲ့ ဒုတိယမျိုးဆက် headset တွေမှာတင် ဒီစနစ်ရှိနှင့်နေပြီးသားမို့ Appleဟာ GN နဲ့တွဲဖက်ထုတ်လုပ်ဖြစ်တာပါ။
ဝင်လာတဲ့ဓါတ်အားပမာဏချင်း ကိုက်ညီမှုကို တိုးတက်အောင်နဲ့ သဘောတူစာချုပ် ချုပ်ဆိုဖို့အတွက် အမေရိက၊ ကာလီဖိုးနီးယားနဲ့ ဒိန်းမတ်၊ ကိုပန်ဟက်ဂန်တို့အကြား မကြာမကြာ သွားရောက်လည်ပတ်နေကြတယ်လို့ နောက်ထပ်သတင်းတွေအရ သိရပါတယ်။ ဒီဈေးကွက်ဟာ သန်း တစ်သောင်းခွဲ တန်ဖိုးရှိတယ်လို့ အကြမ်းဖျင်းသတ်မှတ်လို့ရတဲ့အတွက် ဈေးကွက်ကကြီးမားလွန်းပါတယ်။
Ref:patentlyapple