အိမ်ထောင်ရေးအကြောင်း မဖြေချင်ဘူးလို့ဆိုတဲ့ မြင့်မြတ်

dsc03216_resize.jpg

ဒရာမာ ဇာတ်ကားတွေနဲ့ ပရိသတ်ရဲ့ရင်ထဲမှာ ၀င်ရောက်စိုးမိုးထားတဲ့ မြင့်မြတ်က ခုလတ်တလောမှာ ဟာသကားတွေရိုက်ဖြစ်နေသလို အိမ်ထောင်ရေးအကြောင်းဆို မဖြေပါရစေနဲ့လို့ ငြင်းဆန် လာတာကြောင့် သူရဲ့ အဖြေတွေထဲက တစ်ချို့တစ်ဝက်ကို ပရိသတ် ခံစားသိရှိနိုင်ဖို့အတွက် ခုလို မေးမြန်းဖြစ်တဲ့အခါ ‘အခုရိုက်နေတဲ့ကားလေးက သရဲရေးတဲ့ဖူးစာတဲ့။ ဒါရိုက်တာက ညွန့်မြန်မာညီညီအောင်၊ မင်းသမီးကသက်မွန်မြင့်ပါ။ အပျော်ဟာသလေးပါပဲ။ဒီကားထဲမှာ ကျွန်တော့်ရဲ့ ကာရိုက်တာက အူတူတူ အတတကောင်လေးပုံစံမျိုးပါ’တဲ့။ ဇာတ်ကားပိုင်းကို စိတ်ကြိုက်ရွေးချယ် ရိုက်ကူးလေ့ရှိတဲ့ သူက ‘ဇာတ်မှန်သမျှကိုတော့ ကိုယ်နဲ့လိုက်ပြီး ကောင်းတဲ့ဇာတ်လေးတွေမှန်သမျှ ရွေးရိုက်ဖြစ်တယ်။ ကိုယ်ရိုက်ထားတဲ့ ကားတွေထွက်လာရင် လည်း သေသေချာချာ ပြန်ကြည့်ဖြစ်တယ်။ ပြန်ကြည့်ပြီးမှ လိုတာ ပိုတာလေးတွေ ပြန်စဉ်းစားတယ်။ ပရိသတ်ရဲ့ဝေဖန်မှုကိုလည်း လက်ခံပါတယ်။’လို့ ပြောပါတယ်။

၂၀၁၄ထဲမှာ မင်္ဂလာဆောင်ကြမယ့် သူတွေကိုလည်း သူက ‘သူတို့နဲ့အတူတူ ထပ်တူထပ်မျှ ၀မ်းသာပါတယ်။ ကျွန်တော့်ရဲ့ မင်္ဂလာသတင်းကတော့လိုပါသေးတယ်။သူတို့မင်္ဂလာပွဲနဲ့ပတ်သတ်ပြီး အကူအညီတောင်းလာရင်တော့ ဘယ်နေရာကဖြစ်ဖြစ်ကူညီပေးဖို့အဆင်သင့်ပါပဲ။’လို့ ဆိုလာသလို သူ့ရဲ့အချစ်ရေးကိုတော့ ‘ အချစ်ဆိုတာကို နားလည်ထားတာကတော့ အချစ်လို့ပဲ သတ်မှတ်လိုက်တာ ကောင်းပါတယ်။ ကျွန်တော်ရဲ့ အိမ်ထောင်ဖက်အဖြစ် ရွေးချယ်မဲ့သူကတော့ ကျွန်တော်ကို နားလည်မှုရှိရမယ်။ ဘယ်အချိန်မှာ အိမ်ထောင်ရေးအကြောင်း စဥ်းစားဖြစ်မလဲဆိုတာ ကတော့ မဖြေချင်သေးဘူး’ လို့ မြင့်မြတ်က ပြောခဲ့ပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.