ကမ္ဘာပေါ်မှာ ပရိတ်သတ်အားပေးမှုအများဆုံးဖြစ်တဲ့ ပရော်ဖက်ရှင်နယ်လက်ဝှေ့ ပွဲအစီအစဉ် WWE ဟာ ၂၀၁၃ ခုနှစ်မှာ သက်တမ်းနှစ်(၅၀)ပြည့်မြောက်ခဲ့ပါပြီ။ ၁၉၆၃ ခုနှစ်က McMahon နဲ့ Mondt ဆိုတဲ့ လက်ဝှေ့ ပွဲ စီစဉ်သူနှစ်ယောက်က စတင်ထူထောင်ခဲ့တာဖြစ်ပြီး ပထမနာမည်က WWWF ( World Wide Wrestling Federation ) ပါ။ ၁၉၇၉ ခုနှစ်မှာ ခေါ်ရလွယ်အောင်လို့ WWF လို့ ပြောင်းလဲသတ်မှတ်ခဲ့ပြီး ၂၀၀၀ ခုနှစ်မှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ အစည်းတစ်ခုဖြစ်တဲ့ World Wide Fund for Nature (WWF) နဲ့ နာမည် ဆင်တူနေတဲ့အတွက် တရားရင်ဆိုင်ခဲ့ရပြီး ၂၀၀၂ ခုနှစ်မှာ WWF ကနေ WWE လို့ ပြောင်းလဲခဲ့ရတာပါ။ WWE ဟာ RAW နဲ့ SmackDown! ဆိုတဲ့ အစီအစဉ်ခွဲနှစ်ခုကို ၂၀၀၂ ခုနှစ်မှာ ထပ်မံစီစဉ်ကျင်းပ ခဲ့ပြီး အစီအစဉ်နှစ်ခုလုံးဟာ အကြီးအကျယ်အောင်မြင်ခဲ့ပြန်ပါတယ်။ WWE သမိုင်း နှစ် ၅၀ ကာလအတွင်း ထင်ရှားခဲ့တဲ့ အဖြစ်အပျက်တွေကို ပြန်သုံးသပ်ကြည့်ရအောင်။
၁။ ၁၉၆၃ ခုနှစ်မှာ WWE ကစားသမား ဘရူနို ဆန်မာတီနိုက ပြိုင်ဘက် ဘက်ဒီရော်ဂျား ကို တစ်မိနစ်မပြည့်ခင် အနိုင်ယူခဲ့ပြီး WWE သက်တမ်းတစ်လျှောက် အမြန်ဆုံးပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။
၂။ ၁၉၆၅ ခုနှစ်မှာ WWWF ချန်ပီယံ ဘရူနိုဆန်မာတီနို က ဘေလ်မေလာ ကို တစ်နာရီကြာ ယှဉ်ပြိုင်ပြီး ဒိုင် ဆုံးဖြတ်ချက်နဲ့ အနိုင်ယူခဲ့တဲ့ပွဲမှာ ပရိတ်သတ်ပေါင်း ၁၇၁၃၄ ယောက် လာကြည့်ခဲ့ပြီးပရိတ်သတ်အများဆုံးလာ ကြည့်တဲ့ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။
၃။ ၁၉၆၉ ခုနှစ်မှာ တိုရူး တာနာကာ နဲ့ မစ်ဆု အယာကာဝါ တို့ အတွဲက ပထမဦးဆုံး အသင်းလိုက် နိုင်ငံတကာ ချန်ပီယံဆု ရရှိခဲ့တဲ့ အတွဲဖြစ်လာခဲ့ပါတယ်။
၎။ ၁၉၇၁ ခုနှစ်မှာ အိုင်ဗန် ကိုလော့ဖ်က ဆယ်စုနှစ်တစ်ခုနီးပါး WWE လောကမှာ ကြီးစိုးနေတဲ့ ဘရူနိုကို အနိုင်ရရှိပြီး WWE လောကတစ်ခုလုံးကို တုန်လှုပ်သွားစေကာ ချန်ပီယံအသစ်တစ်ယောက် ပေါ်ထွက်လာ
ပါတယ်။
၅။ ၁၉၈၀ ခုနှစ် နောက်ဆုံးပွဲစဉ်တစ်ခုဖြစ်တဲ့ ဂန္တ၀င် WWE ကစားသမား ဘရူနို နဲ့ လယ်ရီ ဇစ်ဘ်စ်ကို တို့ ရဲ့ ပွဲစဉ်ကို ပရိတ်သတ် ၃၆၀၀၀ ကျော် လာရောက်အားပေးခဲ့ပြီး ပရိတ်သတ်အများဆုံးလာရောက်အားပေးခဲ့တဲ့ ပွဲတစ်ပွဲဖြစ်လာပြန်ပါတယ်။
၆။ ၁၉၈၃ ခုနှစ်မှာ WWE သမိုင်းတစ်လျှောက် နာမည်အကြီးဆုံးနဲ့ အမှတ်တရအဖြစ်ဆုံး အခိုက်အတန့် တစ်ခု ပေါ်ထွက်လာပါတယ်။ WWE ဘောက်ဆင်သမား ဂျင်မီစနူကာ က သံကွန်ချာအုပ်ထားတဲ့ ပွဲလှောင်အိမ်ထိပ် ဆုံးကို တက်ပြီး အောက်က မှောက်လျက်လဲနေတဲ့ ဒွန်မူရာကို ရဲ့ ခန္ဓာကိုယ်ပေါ် ခုန်ချလိုက်တဲ့ မြင်ကွင်းပါ။
၇။ ၁၉၉၆ ခုနှစ်မှာ Stone Cold လို့ WWE သမိုင်းတစ်လျှောက်နာမည်ကြီးလာမယ့် စတိဗ်အော်စတင် က ဂျိတ်ရော်ဘတ်ကို King of the Ring ပြိုင်ပွဲမှာ အနိုင်ယူပြီး Stone Cold ခေတ်တစ်ခေတ်ကို ထူထောင်ခဲ့ပြန် ပါတယ်။ အဲ့ပွဲအပြီးမှာ Stone Cold က ပြိုင်ဘက် ခရစ်ယာန်ဘာသာဝင် ဂျိတ်ကို လှောင်ပြောင်စိန်ခေါ်တဲ့ Austin 3:16 ဆိုတဲ့ စကားကို စသုံးခဲ့ပြီး WWE သမိုင်းတစ်လျှောက် ထင်ရှားအကျော်ကြားဆုံးစကားတစ်ခွန်း ဖြစ်လာပါတယ်။
၈။ ၁၉၉၇ ခုနှစ်မှာ ရှောင်းမိုက်ကယ် က ဘရတ်ဟတ် ကို Survivor Serires မှာ အနိုင်ရခဲ့ပြီး WWF ချန်ပီယံ အသစ်ဖြစ်လာပါတယ်။
၉။ ၁၉၉၉ ခုနှစ်မှာ Stone Cold ကြီးက ပြိုင်ပွဲအတွင်းကို ဘီယာတွေအပြည့်တင်ထားတဲ့ ထရပ်ကားကြီးနဲ့  မောင်းဝင်လာခဲ့ပြီး အကုန်လုံးကို ဘီယာနဲ့ လိုက်ပက်ခဲ့ပါတယ်။
၁၀။ ၂၀၀၂ ခုနှစ်မှာ The Rock က ဟုခ်ဟော်ဂန်ကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ ပရိတ်သတ် ခုနှစ်သောင်းကျော် လာရောက်ကြည့ှ်ရှုခဲ့ပြီး ပရိတ်သတ်အများဆုံးစံချိန်ကို ထပ်ချိုးလိုက်ပြန်ပါတယ်။
၁၁။ ၂၀၁၀ ခုနှစ်မှာ ဂျွန်ဆီနာ က WWE ချန်ပီယံဆုကို ရရှိခဲ့ပေမယ့် နောက်နှစ်မှာ ဘက်တစ်စ်တာ ကို လွှဲပြောင်းပေးလိုက်ရပါတယ်။
၁၂။ WWE သမိုင်းတစ်လျှောက် အအောင်မြင်ဆုံးကစားသမားဖြစ်တဲ့ The Rock က အနားယူနေရာကနေ ၂၀၁၂ ခုနှစ်မှာ WWE သတ်ကွင်းကို ပြန်လာပြီး ဂျွန်ဆီနာကို အနိုင်ယူခဲ့တဲ့ပွဲမှာ ပရိတ်သတ် ရှစ်သောင်းနီးပါး လာရောက်အားပေးခဲ့ပါတယ်။
၁၃။ ၂၀၁၃ ခုနှစ်မှာ နာမည်ကျော်ကစားသမား Undertaker က CM Punk ကို အနိုင်ယူခဲ့တဲ့ပွဲမှာ ပ၇ိတ်သတ် ရှစ်သောင်းကျော်လာရောက်ကြည့်ရှူခဲ့ပြီး လက်ရှိပရိတ်သတ်အများဆုံးစံချိန် ဖြစ်ပါတယ်။