ကြက်သွန်နီလှီးတဲ့အခါ ဘာကြောင့် မျက်ရည်ကျရသလဲ

maxresdefault.jpg

ကြက်သွန်နီအတွင်းရှိ chemical ကို syn-propanethial-S-oxide လို့ခေါ်ပါတယ်။ ကြက်သွန်နီက မျက်ရည်ကျစေတာ တခါတရံ ထူးဆန်းပေမယ့် ရိုးစင်းတဲ့အချက်တစ်ခုလည်း ဖြစ်ပါတယ်။ ကြက်သွန်နီထဲက မျက်ရည်ကျစေတဲ့အရာက ဘာတွေလဲ။

ကြက်သွန်နီဆိုတာ အဆာပြေစားစရာအတွက် လိုက်လံရှာဖွေနေသူ များစွာနဲ့အတူ မြေကြီးအောက်မှာ အမြဲနေရတဲ့ ဥတစ်မျိုး ဖြစ်ပါတယ်။ ဒါ့ကြောင့် အန္တရာယ်ပြုမယ့်ရန်သူတွေ အနံ့ဆိုးနဲ့ ကိုယ့်ကိုယ်ကို ခုခံကာကွယ်ဖို့ ဓာတုဓာတ်သဘောအရခုခံကာကွယ်မှုစနစ် သူတို့မှာ ရှိပါတယ်။ ကိုက်စားမခံရအောင် မျက်ရည်ယိုစေတဲ့ chemical ထုတ်လွှတ်ပါတယ်။ ကြက်သွန်နီရဲ့ ဆဲလ်တစ်ခုချင်းစီမှာ လှီးလိုက်တဲ့အခါ ပေါက်ကွဲမယ့် အင်ဇိုင်းတွေပါဝင်တဲ့ အလုံပိတ် vacuole ဆိုတာလေး ရှိပါတယ်။ အင်ဇိုင်းတွေဟာ ကြက်သွန်နီအတွင်းရှိ တခြား chemical တွေနဲ့ ရောပြီး ခဏချင်းတွင်း chemical process တွေ ဖြစ်ပွားပါတော့တယ်။

အဲဒီ chemical process တွေရဲ့ ရလဒ်က syn-propanethial-S-oxide မီလီကျူးတွေဖြစ်ပြီး သင့်ကို မျက်ရည်ကျစေတဲ့ အဓိကလက်သည်ဖြစ်ပါတယ်။ အရင်တုန်းက လူတွေ ပြောကြာတာက ပါးစပ်မှာ ငွေထည်ဇွန်းလေးတစ်ချောင်း ထားပါ၊ ပေါင်မုန့်တစ်ချက် ပါးစပ်မှာ ကိုက်ထားပါ စသဖြင့် အမျိုးမျိုးပါပဲ။ ဒါ့အပြင် ကြက်သွန်နီကို ရေထဲမှာ လှီးရမယ်တို့ အလွန်ထက်တဲ့ ဓားနဲ့ လှီးရမယ်တို့ စသဖြင့် ကြားဖူးပါလိမ့်မယ်။

Block ရဲ့နည်းလမ်းက ရှင်းပါတယ်။ ကြက်သွန်နီကို စီးနေတဲ့ ရေထဲ လှီးပါက မီလီကျူးတွေ မျောပါပြီး မျက်စိထဲရောက်သွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ 

Ref: curiosity

229 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.