အပျော်တွေ ပျောက်ဆုံးမသွားစေဖို့ နယူးရီးယားအကြိုညမှာ မလုပ်သင့်တဲ့ အရာ (၇) မျိုး

nye_champagne.jpg

နှစ်ဟောင်းကို စွန့်ခွာပြီးနှစ်သစ်ကို ကူးပြောင်းတော့မယ့် အချိန်ကာလမှာ လူငယ်တွေအနေနဲ့ ဘယ်တွေသွားမယ်၊ ဘာတွေလုပ်ကြမယ် စသဖြင့် အစီအစဉ်ပေါင်း သောင်းခြောက်ထောင် ရှိနေကြပါပြီ။ နှစ်သစ်ကို သူငယ်ချင်းအပေါင်းအသင်းတွေ၊၊ ချစ်သူ၊ မိသားစုဝင်စသဖြင့် ကိုယ်ချစ်ရတဲ့သူတွေနဲ့အတူ ကြိုဆိုဖို့ စိတ်ကူးထားတယ်ဆိုရင်ဖြင့် အဲ့ဒီနှစ်သစ်ကူးအကြိုညလေးကို အာရုံနောက်စွာ မဖြတ်သန်းရလေအောင် ရှောင်ရမယ့်အရာလေးတွေ ဖော်ပြပေးလိုက်ပါတယ်။

၁။ ကျပ်လွန်းတဲ့ ဖိနပ်ဝတ်သွားခြင်း

နယူးရီးယားအကြိုည ပါတီအတွက် ဖိနပ်အမိုက်စားတစ်ရံရွေးထားတယ်ဆိုပေမယ့် အဲ့ဒီဖိနပ်က အရမ်းကျပ်နေမယ်၊ စီးရတာအဆင်မပြေဘူးထင်ရင် လုံးဝစီးမသွားပါနဲ့။ သူများတွေပျော်နေတဲ့အချိန် ကိုယ်တစ်ယောက်တည်း အဆင်မပြေ ဖြစ်နေရင် ပျော်လည်းမပျော်နိုင်၊ အိမ်ပြန်ဖို့ကလည်း မလွယ် ဖြစ်နေပါလိမ့်မယ်။

၂။ သေးကွေးပြီး တိုလွန်းတဲ့ အ၀တ်အစား ၀တ်သွားမိခြင်း

ဒီလောက်အေးမယ်မထင်လို့ပဲဖြစ်ဖြစ်၊ အဲ့ဒီအကျီက နောက်ဆုံးပေါ်မို့ပဲဖြစ်ဖြစ် ကိုယ်နဲ့မတော်တော့ပဲ တိုနေတဲ့ အကျီအ၀တ်အစားတွေကို အဲ့ဒီညအတွက် မရွေးချယ်မိပါစေနဲ့။

၃။ လူများလွန်းတဲ့ ဘားတွေ ကလပ်တွေ သွားမိခြင်း

count down လုပ်ဖို့အတွက် လူတွေပြည့်ကျပ်နေတဲ့ ဘားမျိုး၊ ကလပ်မျိုးသွားတဲ့အခါ ဟိုမှာအသက်ရှုကျပ်ပြီး စိတ်ပျက်ရတာပဲ အဖတ်တင်ပါလိမ့်မယ်။

၎။ အစီအစဉ် ကြိုဆွဲထားပါ။

လူစုပြီးမှ အဆင်ပြေတဲ့ နေရာတစ်နေရာသွားကဲမယ်ဆိုပြီးတွေးထားရင် အဲ့ဒီနေ့မှာ ဘယ်သွားရမှန်းမသိ၊ တစ်ယောက်တစ်မျိုးဖြစ်နေတာနဲ့ စိတ်ညစ်ရတာ ပိုများမှာမို့ အစီအစဉ်ကြိုဆွဲထားပါ။

၅။ ခက်ရာခက်ဆစ်သွားရတဲ့ နေရာမျိုးတွေ ရှောင်ပါ။

ကိုယ့်အတွက် သွားရတာ ခက်ခဲတဲ့ နေရာမျိုးတွေ ရှောင်ပါ။ မဟုတ်ရင် ကိုယ်လည်း အဲ့ဒီရောက်၊ countdown လုပ်ပြီး ချက်ချင်းပြန်လာရသလို ဖြစ်သွားပါလိမ့်မယ်။

၆။ လူသိပ်များတဲ့ နာမည်ကြီးနေရာမျိုးတွေကို ရှောင်ပါ။

လူတိုင်းသွားမယ်ချည်း ကြုံးဝါးနေကြတဲ့ နေရာမျိုးတွေကိုရှောင်တာ သင့်အတွက် ပိုကောင်းပါတယ်။ ကိုယ့်သူငယ်ချင်းတွေနဲ့ စုစုစည်းစည်းလေးဖြစ်ပြီး ပျော်ရမယ့် နေရာမျိုးသာရွေးပါ။

၇။ အရမ်းသောက်ထားတာမျိုးလည်း မဖြစ်ပါစေနဲ့။

ဒီလိုညမျိုးက ပျော်စရာကောင်းတဲ့ညလေးမို့ အသားကုန်သောက်စားပြီး သောင်းကျန်းတာမျိုး မလုပ်ပါနဲ့။ countdown မလုပ်ရခင် ဘယ်မှာအိပ်ပျော်သွားမှန်းမသိတဲ့ အဖြစ်မျိုး ကြုံရမှာမို့လို့ပါ။

Ref:purewow 

135 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.