K-Pop အဖွဲ့တွေထဲမှာလူကြိုက်များလာတဲ့ B.A.P

B.A.P-1024x683.jpg

 ဒီနေ့မြူးဇစ်လောကဟာ အရင်တုန်းကနဲ့ လုံးဝခြားနားသွားပါပြီ။ အသံကောင်းရုံ၊ အဆိုပိုင်ရုံနဲ့တင်မလုံလောက်တော့ဘဲ ဟန်ပန်အမူအရာ၊ ရုပ်ရည်ပြေပြစ်မှု၊ အကကောင်းမှု စတာတွေပါလိုအပ်လာပါတယ်။

မြန်မာနိုင်ငံဟာ ကိုရီးယားရုပ်ရှင်သာမက အဆိုရှင်တွေရဲ့ လွှမ်းမိုးခြင်းကိုပါ အတော်လေးခံနေရပြီး သူတို့ရဲ့ဆံပင်ပုံစံ၊ ၀တ်ပုံစားပုံ၊ ဟန်ပန်အမူအရာတွေကိုပါအတုခိုးနေကြပါပြီ။ ကိုရီးယား အဆိုရှင်တွေမှာ တစ်ယောက်ချင်းထက် အဖွဲ့လိုက် တင်ဆက်ပုံတွေ ပိုပြီးခေတ်စားနေပါတယ်။ အခုနောက်တက်လာတဲ့ Entertainment ရဲ့ စင်တင် အဖွဲ့တစ်ခုဖြစ်တဲ့ B.A.P အကြောင်းနည်းနည်းတော့တင်ပြချင်ပါတယ်။

ဒီအဖွဲ့မှာBang Yong Guk, Kim Himchan, Jung Daehyun, YooYoungjae, Moon Jong Up and Choi Hong a.k.aZeloစတဲ့ အဖွဲ့ဝင် ခြောက်ဦးပါဝင်ပါတယ်။ ဒီအဖွဲ့ကိုတောင်ကိုရီးယားနိုင်ငံ Entertainment  ကနေ ၂၀၁၂ ခုနှစ်ကစတင်ဖွဲ့စည်းခဲ့တာပါ။ အဖွဲ့ရဲ့ပထမဆုံးစတင်လှုပ်ရှား သူကတော့ Yong Guk ဖြစ်ပြီး Soul Connection လို့ခေါ်တဲ့စင်အောက် ဟစ်ဟော့ပ်အဖွဲ့မှာကတည်းက“Jepp Blackman” ဆိုတဲ့အမည်နဲ့ နာမည်ရနေသူပါ။ TS နဲ့ စာချုပ်ချုပ်ပြီးတော့ “Going Crazy” ဆိုတဲ့သီချင်းမှာ featuring အနေနဲ့ စတင်သီဆိုခဲ့ပြီး “I Remember” လို့အမည်ရတဲ့ တရားဝင် Single  အယ်လ်ဘမ်ကို ၂၀၁၁ ခုနှစ်၊ ဩဂုတ်လ၊ ၁၁ရက်နေ့မှာ စတင်ထွက်ရှိခဲ့ပါတယ်။

နောက်အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ Kim Himchan ကတော့ MTV အစီအစဉ်တစ်ခုမှာ emcee (စည်းချက်ကိုကျော်ပြီး စာသားရွတ်ဆိုသူ) တစ်ယောက်အနေနဲ့စတင်လူသိများ ခဲ့ပါတယ်။ ဒီဇင်ဘာ၊၂၉ရက်၊၂၀၁၁ ခုနှစ်မှာတော့B.A.P  အမည်နဲ့ တရားဝင်အဖွဲ့ တစ်ခုဖြစ်ကြောင်း TS က ပွဲဦးထွက်ကြေညာခဲ့ပါတယ်။

(Ref: jpopasia)

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.