အင်္ဂလန်နိုင်ငံကျေးလက်ဒေသဖြစ်တဲ့ Gladbury ရွာလေးမှာဖြစ်ပါတယ်။ ဒဏ္ဍရီအရတော့ နတ်ဒေ၀ါတစ်ပါးဟာ ၂၅ နှစ်မှာတစ်ခါ ဖယောင်းတိုင်လုပ်တဲ့သူဆီသွားပြီး ဖယောင်းတိုင်တစ်တိုင်ကို ထိပါတယ်။ အဲဒီ့ဖယောင်းတိုင်ကို ထွန်းညှိတဲ့သူဟာ Christmas မတိုင်ခင်နေ့မှာ အံ့ဖွယ်တစ်ခုကြုံတွေတယ်လို့ဆိုပါတယ်။ လျှပ်စစ်နည်းပညာစတင်ထွန်းကားလာတဲ့ ၁၈၉၀ မှာတော့ ခေတ်ပညာတတ် ဘာသာရေးဆရာလူငယ်လေး David ရောက်လာပြီး ရွာသားတွေအတွက် အံ့ဖွယ်အသစ်တွေသယ်ဆောင်လာပါတယ်။ Gladbury ရွာကလေးကို ခေတ်မှီအောင်လုပ်ရင်းနဲ့ ခေတ်ဟောင်းက ဖယောင်းတိုင်လုပ်သူနဲ့ အတိုက်အခံဖြစ်လာပါတော့တယ်။ David ရဲ့ဘက်မှာတော့ Emily Barstow ဆိုတဲ့ကောင်မလေးရှိပါတယ်။ အခုအခါမှာတော့ ဖယောင်းတိုင်လုပ်သူဟာ သူ့ရဲ့အတိတ်ကအောင်မြင်မှုကိုဆက်လက်ထိမ်းသိမ်းနိုင်ဖို့ David နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အဲဒီ့နောက်မှာတော့ Christmas ဖယောင်းတိုင်ပျောက်သွားပြီး Gladbury ရဲ့စိတ်လှုပ်ရှားစရာအကောင်းဆုံး Christmas ညတစ်ညဖြစ်လာပါတော့တယ်။ Max Lucado ရဲ့ The Christmas Candle ၀တ္ထုကိုရုပ်ရှင်အဖြစ် ဒါရိုက်တာ John Stephenson ကဖန်တီးထားတာဖြစ်ပါတယ်။ Hans Matheson, Samantha Barks, Lesley Manville, Sylvester McCoy တို့ကသရုပ်ဆောင်ထားပါတယ်။
Ref:wikipedia