ကော်ဖီကောင်းကောင်းနဲ့ မြန်မာအစားအစာကောင်းကောင်း သုံးဆောင်ချင်သူတွေအတွက် Café Lab Coffee and Food Corner

15713277_1851594218432821_1409165881_n.jpg

သောကြာနေ့ရောက်ပြီဆိုတော့ လာမယ့် အားလပ်ရက် စနေ၊ တနင်္ဂနွေမှာ ဘယ်ကော်ဖီဆိုင်လေးကို ခေါ်သွားရမလဲလို့ တစ်ချက်စဉ်းစားကြည့်လိုက်တော့ မြန်မာအစားအစာကောင်းကောင်းနဲ့ကော်ဖီကောင်းကောင်းရတဲ့ ကမ္ဘာအေးဘုရားလမ်းပေါ်က Café Lab ဆိုတဲ့ ဆိုင်လေးကို သတိသွားရမိပါတယ်။ ဆိုင်လေးက ဖွင့်တာ မကြာသေးပါဘူး။ ဆိုင်ထဲကိုဝင်လိုက်တာနဲ့အေးစိမ်တဲ့ လေအေးရဲ့အငွေ့အသက်ကိုခံစားရစေမှာဖြစ်ပြီး ဆိုင်ထဲမှာပြင်ဆင်ထားတဲ့ ခုံလေးတွေကလဲ သစ်သားအရောင်လေးတွေနဲ့ကြိတ်သားကို အသုံးပြုပြီးဖွဲ့စည်းထားတဲ့ သစ်သားလေးထောင့်ခုံလေးများပဲဖြစ်ပါတယ်။ အပေါ်ထပ်နဲ့အောက်ထပ် နှစ်ခုစလုံးမှာထိုင်နိုင်ပြီး ညဖက်လာရောက်စားသောက်သူများကိုလဲ အဆင်ပြေအောင် အပြင်ဖက် ဧရိယာမှာအေးအေးလူလူ ထိုင်သုံးဆောင်နိုင်အောင်စားပွဲဝိုင်းများကိုလဲအပြင်ဖက်မှာထုတ်ပေးထားပါသေးတယ်။ ဒါ့အပြင် အတွင်းမှာထိုင်သုံးဆောင်သူများအနေနဲ့လဲ ကိုယ်ကြိုက်တဲ့အစားအသောက်ကိုမှာစားရင်း Wifi သုံးကာစိတ်ကျေနပ်မှုအပြည့်အ၀ကို ခံစားရစေမှာဖြစ်ပါတယ်။ ဈေးနှုန်းအရလဲ သင့်တင့်လျောက်ပတ်စွာသတ်မှတ်ထားသလို ဆိုင်ဖွင့်ချိန်ကိုလဲ မနက် ၆ခွဲကနေ ည ၁၂နာရီထိဖွင့်ထားပေးတဲ့ Café Lab ဆိုင်လေးကိုသွားရောက်ကာ ဆိုင်မန်နေဂျာဖြစ်တဲ့ ကိုရဲဟိန်းကိုသလိုသမျှသွားရောက်မေးမြန်းဖြစ်တဲ့အခါ

[[{“fid”:”19039″,”view_mode”:”default”,”fields”:{“format”:”default”,”field_file_image_alt_text[und][0][value]”:””,”field_file_image_copyright[und][0][value]”:””,”field_file_image_title_text[und][0][value]”:””},”type”:”media”,”attributes”:{}}]]

-Café Lab ဆိုင်လေး စဖွင့်ဖြစ်ပုံ အကြောင်းကို အရင်ဆုံးပြောပြပေးပါဦး။

အဓိကကတော့ ဘေးမှာ အ.ထ.က ကျောင်းရှိတယ်။ အဓိကကျောင်းသားမိဘတွေနဲ့ကျောင်းသားလေးတွေရယ် အဆင်ပြေအောင်ဆိုပြီးဖွင့်ဖြစ်ခဲ့တာက ပထမဆုံးရည်ရွယ်ချက်ပေါ့။ နောက်ဒီကော်ဖီဆိုင်လေးကိုလဲ မြန်မာအစားအစာနဲ့ကော်ဖီနဲ့တွဲဖက်ရောင်းတဲ့ ဆိုင်လေးဖွင့်ချင်တဲ့ ရည်ရွယ်ချက်နဲ့ဆိုင်ရှင်တွေကတော့ဖွင့်ဖြစ်ခဲ့တာပါ။ ဒီဆိုင်လေးကို သူငယ်ချင်းလေးယောက်အားလုံးစုပြီး ရှယ်ယာထည့်ပြီးဖွင့်ထားတာပါ။ ဒီဆိုင်လေးက ပထမဆုံးစဖွင့်တဲ့ဆိုင်လေးပေါ့။ ဒီဟာအောင်မြင်ရင်တော့ နောက်ဆိုင်တွေဆက်ဖွင့်ဖို့အစီအစဉ်ရှိပါတယ်။

-ဆိုင်နာမည်လေးကိုရော ဘယ်လိုစိတ်ကူးနဲ့ပေးဖြစ်ခဲ့တာလဲ။

Café Lab ဆိုတာက ကော်ဖီကိုပဲ အဓိကထားပြီးရောင်းချင်တဲ့အတွက်ကြောင့်ရယ်၊ ဒီကော်ဖီကိုဓာတ်ခွဲခန်းတစ်ခုမှာ စမ်းသပ်တဲ့ပုံစံမျိုးကိုမှ ကော်ဖီရဲ့အရသာကအစ တိတိကျကျနဲ့အရာသာကောင်းမွန်းတဲ့ taste နဲ့ဘယ်မှာမှမရနိုင်တဲ့ ပုံစံမျိုးပေါ့။ ခွက်တွေရဲ့အပြင်အဆင်ကအစပေါ့။ အဲ့ဒါကြောင့် Café Lab ဆိုပြီးပေးဖြစ်ခဲ့တာပါ။

-ဒီဆိုင်လေးဖွင့်ထားတာကရော ဘယ်နှရက်လောက်ရှိသွားပြီလဲ။

ရှေ့အပတ် တနင်္ဂနွေကမှ ဖွင့်လိုက်တာဆိုတော့ ငါးရက်လောက်ပဲရှိပါသေးတယ်။

[[{“fid”:”19037″,”view_mode”:”default”,”fields”:{“format”:”default”,”field_file_image_alt_text[und][0][value]”:””,”field_file_image_copyright[und][0][value]”:””,”field_file_image_title_text[und][0][value]”:””},”type”:”media”,”attributes”:{}}]]

-ဒီဆိုင်မှာ အစားအသောက်အနေနဲ့ဘာတွေအဓိကရလဲ။

ကော်ဖီ၊ အအေးနဲ့ကိတ်လေးတွေရမယ်။ ရေခဲမုန့်ရှိမယ်။ မြန်မာမုန့်တွေရမယ်။ မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ ရွှေတောင်ခေါက်ဆွဲ၊ နန်းကြီးသုပ်၊ ခေါက်ဆွဲသုပ်၊ ကြာဇံချက် ၊ ၀က်သားဒုတ်ထိုးပါမယ်။ အဲ့ဒါတွေနဲ့အခုလောလောဆယ် အရင်စထားတယ်ပေါ့။ ကျန်တဲ့မီနူးတွေကတော့ ဒီတစ်လအတွင်းမှာကျွန်တော်တို့ထပ်တိုးသွားမယ်။ အခုလောလောဆယ်ဆိုင်ဖွင့်ကာစဆိုတော့ အဲ့ဒါတွေရမယ်ပေါ့။

-ကော်ဖီအနေနဲ့ရော ဘယ်နှမျိုးလောက်ရမလဲ။

အင်တာနေရှင်နယ်ကော်ဖီတွေ အကုန်ရမယ်။ ကော်ဖီနဲ့ပတ်သက်တဲ့ အအေးရော၊ အပူရောဆို အမျိုးပေါင်း သုံးဆယ်လောက်တော့ရှိတယ်။ ထပ်တင်ဖို့လဲရှိတယ်။ အအေးကလဲ အသီးဖျော်ရည် Fruit Juice ရမယ်။ Smoothie ရမယ်။ Soda တွေရမယ်။ Tea နဲ့ပတ်သက်တဲ့အအေးတွေအပူတွေရမယ်။ အဲ့ဒါအပြင် ကိတ်လေးတွေ၊ ကွတ်ကီးလေးတွေ၊ ဆိတ်သားပတ်ဖ်လေးတွေ အစုံရပါမယ်။ အပေါ်ထပ်အောက်ထပ်နှစ်ထပ်မှာ အပေါ်ထပ်မှာကိတ်လေးတွေနဲ့ကော်ဖီဖျော်တဲ့နေရာပေါ့။ အောက်ထပ်ကတော့ မြန်မာအစားအစာပေါ့။ နောက်လလောက်တော့ အောက်ထပ်မှာပါ အပေါ်ထပ်လိုမျိုးလုပ်ထားဖို့အစီအစဉ်ရှိပါတယ်။

-ဆိုင်ဖွင့်ချိန်ကိုရော ဘယ်လိုသတ်မှတ်ထားလဲ။

ဆိုင်ဖွင့်ချိန်ကိုတော့ မနက် ခြောက်နာရီခွဲကနေ ညဆယ့်နှစ်နာရီထိပေါ့။ အစားအစာတွေလဲလုံးဝမပြတ်သွားဘူး။ ညဖက်ထိုင်ချင်တဲ့သူတွေအတွက် အပြင်မှာပါလွတ်လွတ်လပ်လပ်အေးအေးဆေးဆေးထိုင်လို့ရအောင်အပြင်ဖက်မှာပါ ၀ိုင်းတွေလုပ်ပေးပါတယ်။

-ကာစတမ်မာ အ၀င်အထွက်ကရော ခုလက်ရှိမှာ ဘယ်လိုရှိလဲ။

လာပါတယ်ခင်ဗျ။ ကျွန်တော်တို့ကကျောင်းကိုလဲအဓိကထားထားတာပါတယ်။ မနက် ခြောက်နာရီကနေ နေ့လည်တစ်နာရီ၊ နှစ်နာရီထိကတော့ လူများတယ်။ အေးအေးဆေးဆေးလာထိုင်ချင်တဲ့သူကတော့ ညဖက်ကိုလာကြတယ်။ ကျွန်တော်တို့ဆိုင်မှာ Wifi Free ပေးထားတယ်။

-အစ်ကိုတို့ဆိုင်က ဘယ်အစားအစာကို ကာစတမ်မာတွေအများဆုံးမှာစားကြလဲ။

အမြဲတမ်းစွဲစွဲမြဲမြဲမှာစားတာကတော့ မြန်မာအစားအစာတွေပေါ့။ ကြိုက်ကြတယ်။ ၀က်သားဒုတ်ထိုးနဲ့မုန့်ဟင်းခါး၊ ရွှေတောင်ခေါက်ဆွဲက ကျွန်တော်တို့ဆီမှာနာမည်ကြီးပဲ။ ဆိုင်ဖွင့်ဖွင့်ချင်းမှာပဲ ဆိုင်မှာလဲလာဝယ်စားကြသလို ပါဆယ်တွေလဲသယ်သွားကြတာမျိုးတွေရှိတယ်။

-ဈေးနှုန်းတွေကရော ဘယ်လိုသတ်မှတ်ထားလဲ။

ဈေးနှုန်းတွေကိုလဲ သက်သက်သာသာပဲထားပေးထားတယ်။ မုန့်ဟင်းခါးကတော့ တစ်ပွဲကိုးရာသတ်မှတ်ထားတယ်။ ဒါပေမဲ့ကျွန်တော်တို့ကဈေးနဲ့လိုက်ဖက်အောင်သူများတွေကို ပေးတဲ့ပုံစံမျိုးတော့မဟုတ်ဘူး။ အဲ့ဒါကတော့ လာစားဖူးတဲ့သူတွေသိတယ်။ ချက်တဲ့ကွာလတီကအစမတူဘူး။ ဒီမှာကလုံးဝအချိုမှုန်မသုံးထားဘူး။ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကိုပဲတင်ထားတယ်။ ကိတ်တွေဆိုရင်အနည်းဆုံး ၂၅၀ ကနေ အများဆုံး ကော်ရည်ခေါက်ဆွဲ ၂၂၀၀ ထိပဲပေါ့။ ကော်ဖီထဲမှာဆိုရင် regular coffee ဆိုပြီး ၈၀၀ ကနေ အများဆုံး ၂၂၀၀ထိပဲ။ အအေးထဲမှာတော့ Smoothie ကပါဝင်တဲ့ပစ္စည်းများတော့ ၃၀၀၀ ယူတယ်။ အခုထိကတော့ ၃၀၀၀ ထိပါပဲ။

[[{“fid”:”19038″,”view_mode”:”default”,”fields”:{“format”:”default”,”field_file_image_alt_text[und][0][value]”:””,”field_file_image_copyright[und][0][value]”:””,”field_file_image_title_text[und][0][value]”:””},”type”:”media”,”attributes”:{}}]]

-တခြားဆိုင်တွေနဲ့မတူတဲ့ အစ်ကိုတို့ဆိုင်ရဲ့အားသာချက်ကဘာများဖြစ်မလဲ။

ကျွန်တော်တို့ဆိုင်က သန့်ရှင်းသပ်ရပ်တယ်။ သုံးထားတဲ့ပစ္စည်းကွာလတီအရမ်းကောင်းတယ်။ လတ်ဆတ်တဲ့ပစ္စည်းတွေကိုပဲသုံးတယ်။ ကျွန်တော်တို့က တစ်နေ့ဟာတစ်နေ့ပဲရောင်းတယ်။ အခုချက်ချင်းကုန်သွားရင်တောင်အိမ်တွေနဲ့နီးတဲ့အတွက်ချက်ချင်းချက်ပြီး ချက်ချင်းလာပို့ပေးတယ်။ အများကြီးချက်ထားတာမျိုးလဲမဟုတ်ဘူးပေါ့။

-အစ်ကိုတို့ဆိုင်ကို အမြဲလာရောက်စားသုံးနေတဲ့ ကာစတမ်မာတွေအပြင် မရောက်ဖူးသေးတဲ့ကာစတမ်မာတွေကိုရော ဘာများပြောပြချင်သေးလဲ။

ဆိုင်ကိုလာကြည့်လိုက်ပါ။ ဆိုင်ရဲ့အရှေ့ကိုရောက်လို့ဆိုင်ထဲဝင်လိုက်တာနဲ့စိတ်ချမ်းသာမှုအပြည့်အ၀ရမှာပါ။ အစားအသောက်တွေကိုစားကြည့်လိုက်တဲ့အခါမှာလဲ မတူတဲ့အရသာနဲ့မတူတဲ့ Service တွေကိုရမှာပါလို့ပြောချင်ပါတယ်။ ကားပါကင်ဆိုလဲအကျယ်ကြီးလုပ်ပေးထားတယ်။ ဆိုင်ကိုလာတဲ့သူတွေအဆင်ပြေစေဖို့ဈေးနှုန်းပိုင်း၊ နေရာထိုင်ခင်းပိုင်းတွေကို သက်သောင့်သက်သာရှိအောင်လဲလုပ်ပေးထားပါတယ်။ လာကြည့်ပါ။ အဆင်ပြေမှာပါ။

-ဆိုင်လိပ်စာလေးကိုလဲ ပြောပြပေးပါဦး။

အမှတ် ၉၈ / E ၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်ပါ။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.