စီးရီးအေကလပ်အသင်း အေစီမီလန်ဟာ ပြီးခဲ့တဲ့တစ်ပတ်က ဂျီနိုအာနဲ့ တစ်ဂိုးစီသရေကျခဲ့ပြီးတဲ့နောက်မှာ တော့ နိုင်ပွဲပျောက်နေခဲ့တာဟာ (၇)ပွဲတိတိရှိလာခဲ့ပါပြီ။ ဒါဟာ ပြိုင်ပွဲအားလုံးအတိုင်းအတာမှာဖြစ်ပါတယ်။ ဒီလိုအနေအထားမျိုးကို မကျေမနပ်ဖြစ်နေခဲ့ကြတဲ့ မီလန်ပရိသတ်များဟာ ဂျီနိုအာနဲ့ပွဲအပြီးမှာ ကွင်းထွက် ပေါက်ကို ပိတ်ထားခဲ့ကြပြီး ကစားသမားတွေကို ထွက်လာခဲ့ကြဖို့ တောင်းဆိုခဲ့ကြလို့ ကာကာနဲ့ ဂိုးသမား အဘီယာတီတို့ ထွက်တောင်းပန်တော့မှပဲ ငြိမ်ခဲ့ကြပါတယ်။ ဒီနေ့ညမှာဆိုရင်လည်း အေစီမီလန်အတွက် နောက်ထပ်အခက်အခဲတစ်ခု ထပ်ကြုံရပါဦးမယ်။ ဒါကတော့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်အဖြစ် ဆဲလ်တစ်ကွင်း ကို ဧည့်သည်အဖြစ်သွားရောက်ရင်ဆိုင်ရမယ့်ပွဲပါပဲ။ အေစီမီလန်ဟာ ချန်ပီယံလိဂ်အုပ်စု(H)ရဲ့ ဒုတိယနေရာမှာ (၅)မှတ်နဲ့ရပ်တည်နေပြီး တတိယနေရာက အေဂျက်စ်နဲ့ (၁)မှတ်သာကွာသလို အောက်ဆုံးက ဆဲလ်တစ်နဲ့လည်း(၂)မှတ်သာကွာတာကြောင့် နိုင်ပွဲရဖို့ အလွန်အရေးကြီးနေပါပြီ။ ထိပ်ဆုံးက ဘာစီလိုနာက တော့ အနိမ့်ဆုံးအုပ်စုဒုတိယနဲ့ (၁၆)သင်းရှုံးထွက်ကိုတက်မှာပါ။ လက်ကျန်(၂)ပွဲရှုံးခဲ့ရင်တော့ပေါ့။
“ အခုချိန်မှာ အဓိကပြသနာက နိုင်ပွဲမရဖြစ်နေရတာပါပဲ။ ဒီနေ့ညမှာ ကောင်းကောင်းမကစားနိုင်ကြဘူးဆိုရင် ဆိုးရွားတဲ့ပွဲတစ်ပွဲထပ်တွေ့ရလိမ့်မယ်။ ဒီအုပ်စုပွဲမှာ မီလန်(၃)မှတ်ရဖို့ သိပ်ကိုအရေးကြီးနေပြီ။ ဆဲလ်တစ်ကွင်း ဟာတကယ့်ကို ပရိသတ်အားပေးမှုမြင့်မားတဲ့နေရာဖြစ်ပါတယ်။ ကျွန်တော့အသင်းဖော်အချို့အဲဒီမှာကစားခဲ့ကြ ဖူးပါတယ်။ အဲဒီလိုအသင်းမျိုးနဲ့ကစားရတာဟာ ဘယ်သောအခါကမှ မလွယ်ကူခဲ့ပါဘူး”လို့ အေစီမီလန်ကွင်း လယ်ဖန်တီးရှင် ကာကာကပြောခဲ့ပါတယ်။