နိုဝင်ဘာလ၊ (၂၅)ရက်နေ့ကို အမျိုးသမီးများအား အကြမ်းဖက်မှု ပပျောက်ရေး၊ အပြည်ပြည်ဆိုင်ရာနေ့ အဖြစ် ကုလသမဂ္ဂ အထွေထွေညီလာခံကြီးက သတ်မှတ်ခဲ့ပါတယ်။ ကမ္ဘာအနှံ့က အမျိုးသမီးတွေနဲ့ပတ်သက်ပြီး မုဒိန်းမှု၊ ကာယိနြေ္ဒနှောင့်ယှက်မှု စတာတွေကိုပပျောက်စေဖို့ ရည်ရွယ်ပါတယ်။
၁၉၆၀ခုနှစ်၊ နိုဝင်ဘာလ၊ ၂၅ရက်နေ့မှာ မာရေးဘဲလ် ညီအစ်မလေးယောက် အသတ်ခံခဲ့ရပါတယ်။ သုံးယောက် သေဆုံးသွားခဲ့တယ်လို့ အတည်ပြုနိုင်ခဲ့ပါတယ်။ သတ်ခိုင်းခဲ့သူကတော့ Dominic ဘာသာရေးဂိုဏ်း အာဏာရှင် Rafael Trujillo (1930- 1961)ပါ။ ၁၉၈၁ခုနှစ်မှာတော့ တက်ကြွလှုပ်ရှားသူတွေက နိုဝင်ဘာလ၊ ၂၅ရက်နေ့ကို အမျိုးသမီးများအား အကြမ်းဖက်မှု နှိမ်နင်းရေးနဲ့ ဂရုပြုစောင့်ရှောက်ရေးနေ့ အဖြစ် တွင်တွင်ကျယ်ကျယ် သတ်မှတ်လာကြပါတယ်။ ၁၉၉၉ခုနှစ်၊ ဒီဇင်ဘာလ၊ ၁၇ရက်နေ့မှာတော့ ကုလသမ္မဂရဲ့ တရားဝင်အတည်ပြုချက်ကို ရရှိခဲ့ပါတယ်။
“အမျိုးသမီးသုံးဦးမှာ တစ်ဦးနှုန်းအပေါ် ထိပါးခံနေရတဲ့ အကြမ်းဖက်မှုတွေကို အဆုံးသတ်ကြပါစို့ လို့အော်အော်နေကြတဲ့ သံပြိုင်ရွတ်ဆိုသံတွေကို ကြားရတာ ၀မ်းသာစရာပါပဲ။ ဥပဒေထုတ်ပြန်ရေးမှာ ပါဝင်ကူညီခဲ့ကြတဲ့ ခေါင်းဆောင်တွေကိုလည်း ဂုဏ်ပြုပါတယ်။ ကမ္ဘာအနှံ့က ဒုက္ခရောက်နေသူတွေကို ပြန်လည်ကုစားပေးဖို့နဲ့ ပြုပြင်ပြောင်းလဲပေးနေတဲ့ အေးဂျင့်တွေကိုလည်း ချီးကျူးဂုဏ်ပြုပါတယ်။” လို့ ၂၀၁၃ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးအပေါ်အကြမ်းဖက်မှု ပပျောက်ရေးနေ့ သ၀ဏ်လွှာမှာ ကုလသမ္မဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ရေးသားခဲ့ပါတယ်။
Ref:Wikipedia