သက်ရှိတစ်ကောင်ရယ်လို့ဖြစ်လာရင် သဘာဝကပေးထားတဲ့ လက်ဆောင်တွေ ရှိပါတယ်။ အဲ့ဒီလက်ဆောင်တွေထဲမှာ အလှအပ ၊ ချစ်စရာကောင်းမှု ၊ အားသာချက်/အားနည်းချက်တွေနဲ့ အသက်အန္တရာယ်ကို ကာကွယ်နိုင်တဲ့ မွေးရာပါ စွမ်းရည်တွေ ပါလာပြီးသားပါ။
ကျွန်ုပ်တို့ ချစ်စရာကောင်းတယ်လို့ ထင်ထားတဲ့ အကောင်လေးတွေဆီမှာလည်း လူတွေ မထင်မှတ်ထားတဲ့ ကြောက်စရာ အချက်တစ်ချို့ ရှိနေပါတယ်။
(၁) Slow Loris
ဒီချစ်စရာ မျောက်မျိုးကွဲသတ္တ၀ါ အကောင်သေးလေးကို Rihanna ကတောင် Instagram မှာ ဓါတ်ပုံတင်ထားပါသေးတယ်။ ဒီအဆင့်အတန်းမြင့် နို့တိုက်သတ္တ၀ါ တစ်ကောင်ဖြစ်တဲ့ Slow Loris ဟာ လူဆိုးတစ်ကောင်ပါ။ ဒီမျက်လုံးဝိုင်း အရည်လဲ့လဲ့ကြီးတွေနဲ့ ဖုံးကွယ်ထားတာကတော့ သူဟာ အဆိပ်ရှိ တွားသွားသတ္တ၀ါ တစ်ကောင်ဆိုတာပါပဲ။
သူဟာ ရန်မူခံရချိန်မျိုးမှာ သူ့ရဲ့တံတောင်နှစ်ဖက်ဆီကနေတဆင့် လည်ချောင်းဆီလာပြီး သားရည်တွေနဲ့ရောပြီး အဆိပ်တွေကို ထုတ်လွှတ်ပါတယ်။ အဲ့ဒီ သားရည်တွေနဲ့ထိမိရင် ယားယံ အဖုထတာတွေ ဖြစ်နိုင်ပြီး နောက်ဆုံးမှာ သေတဲ့အဆင့်ထိ ရောက်နိုင်ပါတယ်။ ဒါကြောင့် Rihanna ကိုလည်း အဆင်ပြေပါစေလို့ ဆုတောင်းပေးလိုက် ပါရစေဦး။
(၂) Duck-Billed Platypus
ဒီအကောင်တွေရဲ့ သဘာဝနည်းလမ်းတွေက ကျွန်ုပ်တို့လိုပဲ ရှုပ်ထွေးပွေလီပါတယ်။ နို့တိုက်သတ္တ၀ါမျိုးစိတ်ဝင်ဖြစ်ပြီး ဖျံခြေထောက်၊ ဖျံမျိုးကွဲလိုမျိုး အမြီးတွေပိုင်ဆိုင်ထားတဲ့ ဥ ဥတဲ့ သတ္တ၀ါပါ။ သူ့ကိုလည်း အလားတူ ချစ်စရာနှုတ်သီးနဲ့ သတ္တ၀ါအဖြစ် သတ်မှတ်ကြသူတွေရှိပြီး စိတ်မကောင်းစရာကတော့ သူဟာလည်း အဆိပ်ရှိသတ္တ၀ါပါပဲတဲ့။
သူတို့ရဲ့နောက်ခြေဟာ အဆိပ်ရှိပြီး သတ္တ၀ါငယ်လေးတွေကို သေစေနိုင်ပါတယ်။ လူတွေရဲ့ ကြွက်သားတွေကို အမျိုးမျိုးသော နာကျင်မှုတွေဖြစ်စေနိုင်တဲ့အတွက် သူတို့ အရူးလုပ်တာကိုတော့ မခံရမိစေနဲ့နော်။
(၃) Dolphins
လင်းပိုင်တွေမှာ ဘာလို့တောက်ပတဲ့အပြုံး ရှိနေတာလဲသိလား။ ဖြစ်နိုင်တာက သူတို့ထဲက အချို့ဟာ အဓမ္မကျင့်သူတွေဆိုတာကို သင့်ကို တော်ရုံသတိမထားမိစေချင်လို့များလား။
လင်းပိုင်တွေဟာ သူတို့ရဲ့ အမဖော်တွေကို အုပ်စုဖွဲ့ပြီး အတင်းအဓမ္မ မိတ်လိုက်လေ့ရှိ ပါတယ်။ ဒါ့ထက်ဆိုးတာရှိသေးတယ်နော်။ လင်းပိုင်တွေဟာ ဥာဏ်ရည်မြင့် သတ္တ၀ါတွေ ဖြစ်တဲ့အတွက် ရှုပ်ထွေးတဲ့ လူနေမှုပုံစံလည်း ရှိပါသေးတယ်။ ဒါ့အပြင် လင်းပိုင်အထီးတွေဟာ လူတွေနဲ့တူတဲ့ အမျိုးသားလိင်အင်္ဂါ ပါရှိပါတယ်။ လိင်ဆက်ဆံခြင်းဟာ သူတို့အတွက် အဓိက အရေးပါတဲ့ ဘ၀အစိတ်အပိုင်းဖြစ်ပါတယ်။ တကယ်လို့များ လင်းပိုင်တွေဟာ လူသာဆိုရင်တော့ သူတို့ဟာ အလွန်ဆိုးသွမ်းတဲ့လူတွေ ဖြစ်နိုင်ဖွယ်ရှိပါတယ်။ ဒါပေမယ်လို့ သူတို့တွေဟာ လူတော့ မဟုတ်ပါဘူး။
နောက်တစ်ခုက သူတို့ဟာ အမေကိုလိုချင်တဲ့အတွက် ကလေးကို သတ်ပစ်တာမျိုးလဲ လုပ်လေ့ရှိပါသေးတယ်။
Ref:complex