၂၀၁၃ခုနှစ်၊ မတ်လ(၁၅)ရက်မှ စတင်ခဲ့သော ၂၀၁၃ ဖော်မြူလာဝမ်းကားမောင်းပြိုင်ပွဲကြီးမှာ ပြီးခဲ့သည့် တနင်္ဂနွေနေ့က ကျင်းပပြီးစီးခဲ့သည့် ဘရာဇီးလ်ဂရင်းပရီနှင့်အတူ အဆုံးသတ်ချိန်သို့ရောက်ရှိသွားခဲ့ပြီ ဖြစ် သည်။ ဘရာဇီးလ်ဂရင်းပရီတွင် ယခုနှစ်ချန်ပီယံဆုကို စောစောစီးစီးရယူခဲ့ပြီးနှင့်သူ Red Bull ကားမောင်း သမား ဆီဗက်စတီယန်ဗီတဲလ်ကပင် ဗိုလ်စွဲသွားခဲ့ရာ ဂရင်းပရီ(၉)ပွဲဆက်အနိုင်ရဗိုလ်စွဲသူအဖြစ် မှတ်တမ်း သစ်ရေးထိုးနိုင်ခဲ့ပြီဖြစ်သည်။ ဗီတဲလ်မှာ ဘဲလ်ဂျီယံ၊ အီတလီ၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ဂျပန် ၊ အိန္ဒိယ၊ အဘူဒူဘိုင်း၊ အမေရိကန်နှင့် ဘရာဇီးလ်ဂရင်းပရီများတွင် ဆက်တိုက်ဗိုလ်စွဲခဲ့ခြင်းဖြစ်ကာ တစ်ရာသီလုံးအ တိုင်းအတာဆိုပါက (၁၃)ကြိမ်မြောက်ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။
နောက်ဆုံးရပ်တည်မှုများကို လေ့လာကြည့်မည်ဆိုပါက ကားမောင်းသမားများ ရပ်တည်မှုဇယားတွင် ထိပ်ဆုံး(၅)ဦးမှာ (၁) ဆီဗက်စတီယန်ဘီတဲလ်/Red Bull (၂) ဖာနန်ဒိုအလွန်ဆို/Ferrai (၃)မာ့ခ်ဝီဘာ/Red Bull (၄)လူးဝစ်ဟာ မီလ်တန်/Mercedes (၅) ကီမီရိတ်ကိုနန်/Lotus တို့ဖြစ်ကြသည်။ အသင်းအလိုက်ရပ် တည်မှုထိပ်ဆုံး(၅)သင်းမှာ (၁) Red Bull (၂) Mercedes (၃) Ferrari (၄) Lotus (၅) McLaren တို့ဖြစ် ကြသည်။
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။