ပြီးခဲ့သည့် တနင်္ဂနွေနေ့က မက္ကာအိုမြို့တွင် WBO Welterweight ချန်ပီယံရှစ်ပွဲစဉ်အဖြစ် ဖီလစ်ပိုင်လက်ဝှေ့အ ကျော်အမော်မန်နီပတ်ကွီအိုနှင့် အမေရိကန်သား ဘရန်ဒန်ရီးရော့စ်တို့ ထိုးသတ်ခဲ့ကြရာ ပတ်ကွီအိုက အမှတ် ဖြင့် အနိုင်ရခဲ့ရာ ၄င်းအတွက်သာမက တိုင်ဖွန်းမုန်တိုင်းဒဏ်ကြောင့် အတိဒုက္ခရောက်နေခဲ့ကြရသည့် ဖီလစ် ပိုင်ပြည်သူများမှာ အလွန်ပင်ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ကြရသည်။ တင်မိုသီဘရက်ဒလေ၊ ဂျူအန်မားကွက်ဇ်တို့ အား (၂)ပွဲဆက်အရေးနိမ့်ခဲ့ပြီးနောက် ပြန်လည်ထိုးသတ်သည့်ပွဲအတွက် ပတ်ကွီအိုမှာ အထူးပင်လေ့ကျင့်နေ ခဲ့ ပြီးနောက် ကြိုးစားမှုရလဒ်များအဖြစ် အနိုင်ပွဲကို ပိုင်ဆိုင်ခဲ့ခြင်းပင်ဖြစ်သည်။ ပတ်ကွီအို၏ပွဲအား ရုပ်မြင်သံကြား မှတစ်ဆင့် ယာယီတဲအိမ်များအတွင်းမှ ဖီလစ်ပိုင်နိုင်ငံသားများ၊ ကူညီပေးနေသော ပရဟိတလုပ်သားများနှင့် တပ်မတော်သားများမှာ ပတ်ကွီအိုအနိုင်ရသွားခဲ့ပြီဟု သေချာသွားသည်နှင့် မိုးလုံးပြည့်လျှံသွားစေနိုင်သောအ သံဖြင့် အော်ဟစ်လက်ခုပ်တီးကာ လက်သီးလက်မောင်းများတန်းခဲ့ကြခြင်းမှာ ကြက်သီးဖြန်းဖြန်းထစေလောက်သော စိတ်ဓါတ်ခွန်အားများပင်ဖြစ်သည်။
“ ကျွန်မအရမ်းကို ပျော်ပါတယ်ဗျာ။ အခုလိုအချိန်မျိုးကြီးမှာ မန်နီရဲ့အောင်ပွဲက အင်အားတစ်စုံတရာဖြစ်စေ ခဲ့ပါပြီ။ မန်နီရဲ့အောင်ပွဲက ကျွန်မတို့အားလုံးကို ကိုယ့်ခြေထောက်ပေါ်ကိုယ်ပြန်ရပ်တည်နိုင်ဖို့အတွက်စိတ် ဓါတ်ခွန်အားတွေရစေခဲ့တယ်။ ကျွန်မတို့မြို့ ပြန်လည်ထူထောင်လာမှာပါ”ဟု အိမ်ပျက်ဆီးသွားသဖြင့် ယာယီတဲအိမ်တွင်နေထိုင်နေသူ (၃၅)နှစ်အရွယ် ဆိုနီယာရေးယက်စ်က ပြောခဲ့သည်။

Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။