Hip Hop ကို ကိုယ့်ရဲ့ကိုယ်ပိုင်ပုံစံဖြစ်အောင်၊ မြန်မာပုံစံလည်းမပျောက်အောင် လုပ်စေချင်ပါတယ် လို့ဆိုတဲ့ အနဂ္ဂ

544196_10151864532109760_214982221_n.jpg

Hip Hop မြူးဇစ်လို့ပြောလိုက်ရင် မြန်မာနိုင်ငံရဲ့ First Generation ဖြစ်တဲ့ Acid အဖွဲ့က အနဂ္ဂကို အားလုံးသိကြမှာပါ။ မကြာသေးခင်က ကျင်းပပြုလုပ်တဲ့ Hip Hop 40th Anniversary Seminar မှာ အနဂ္ဂနဲ့ တွေဆုံခိုက် သူ့ရဲ့လတ်တလောအနုပညာလှုပ်ရှားမှုတွေ နဲ့အတူ မြန်မာနိုင်ငံ Hip Hop လောကအတွက် သူပြောချင်၊ ထောက်ပြချင်တာ ဘာတွေများ ဖြစ်မလဲလို့ မေးမြန်းကြည့်ဖြစ်တဲ့အခါ ‘ကျွန်တော် အခုလတ်တလောမှာ MRTV-4 အတွက်သီချင်းတွေ လုပ်နေပါတယ်။ ကျွန်တော့် အနေနဲ့ Hip Hop နဲ့ ပတ်သက်ပြီးပြောရမယ်ဆိုရင် Hip Hop ဂီတဆိုတာ နိုင်ငံခြားကနေ ရောက်လာတာ ဆိုပေမယ့် နိုင်ငံခြားပုံစံမျိုးမဟုတ်ပဲ ကိုယ့်ပုံစံဖြစ်အောင်၊ မြန်မာပုံစံလေးလည်း ပျောက်ပျက်မသွားမယ့် Hip Hop မျိုးကို လုပ်စေချင်ပါတယ်။ ကျွန်တော်တို့ Hip Hop ဂီတမှာစီးပွားရေးအရ အောင်မြင်နေတဲ့ သူတွေ ရှိသလို၊ စီးပွားရေးအရ မအောင်မြင်ပေမယ့် Hip Hop ကိုလုပ်နေကြတဲ့သူတွေ လည်းရှိပါတယ်။ Hip Hop ဂီတသမားတွေအတွက် မြန်မာနိုင်ငံရဲ့ ဒီဂျေက လိုအပ်မှုတွေ တော်တော် များများရှိနေပါသေးတယ်။ Hip Hop ဂီတဆိုတာ အထင်ကြီးစရာမရှိဘူး။ နားထောင်လိုက် ရင်လည်း တစ်ယောက်နဲ့ တစ်ယောက် စောင်းမြောင်းဆဲဆိုတာတို့၊ ညစ်ပတ်တာတွေပဲများနေလို့ Hip Hop ကိုမကြိုက်ဘူး၊ အထင်မကြီးဘူးလို့ပြောနေကြတဲ့ သူတွေကတော့ သူတို့နားထောင်တဲ့ သီချင်းပေါ်မှာပဲ မူတည်ပါလိမ့်မယ်။  Hip Hop ဂီတတစ်ခုလုံးကို ခြုံပြီးမပြောစေချင်ပါဘူး။ ခြုံပြီးပြောမယ် ဆိုရင်တော့ ပြောတဲ့သူက Hip Hopနဲ့ ပတ်သက်တဲ့ ဗဟုသုတ၊ အသိဥာဏ် နည်းသေးလို့ပဲ ဖြစ်ပါလိမ့်မယ်။’လို့ အနဂ္ဂကပြောသွားပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.