လွန်ခဲ့တဲ့တစ်နှစ်ခွဲ ၂၀၁၂ခုနှစ်ရဲ့ ဆောင်းဦးပေါက်ရာသီလောက်ကစပြီး EXO အဖွဲ့ဟာ ပွဲဦးထွက် အောင်မြင်မှုတွေရခဲ့ပါတယ်။ သူတို့ရဲ့ နှစ်အနည်းငယ်ကြာမြင့်နေပြီဖြစ်တဲ့ ဂီတလမ်းကြောင်းပေါ်မှာ ချီးကျူးဂုဏ်ပြုသံ အတော်များများကို ရရှိခဲ့ပါတယ်။
KCON ၂၀၁၃ ပွဲက သူတို့အဖွဲ့ရ single သီချင်းဖြစ်တ “Grow"ဟာ K-Pop Hot ၁၀၀စာရင်းမှာ အတော်လေး မွှေနှောက်ခဲ့ပါတယ်။ ဒီလအစောပိုင်းတုန်းက နံပါတ်သုံး နေရာမှာ ရပ်တည်နေခဲ့ပြီး တစ်လခွဲကြာတဲ့အထိ Top ၁၀ စာရင်းထဲမှာ နံပါတ်ခြောက်နေရာကနေ မဆင်းပါဘူး။ သူတို့ရဲ့ပထမဆုံး ပွဲဦးထွက်“XOXO" အယ်လ်ဘမ်ဟာ World Albums chart မှာ နံပါတ်တစ်နေရာရရှိခဲ့တဲ့အတွက်Billboard ၂၀၀စာရင်းမှာဝင်ဖို့ သိပ်ပြီးမခဲယဉ်းတော့ပါဘူး။ ဒါတင်မကသေးပါဘူး ဇာတိနိုင်ငံရဲ့ အမျိုးမျိုးသော တေးဂီတစာရင်းတွေမှာလည်း အောင်မြင်မှု ရခဲ့ပါတယ်။
ဒီလိုမျိုး အောင်မြင်မှုတွေကြောင့် ပေါ်ပြူလာကောင်လေးတွေနဲ့ Billboard ကနေပြီး ဗွီဒီယိုအင်တာဗျူးတစ်ခု လုပ်ဖြစ်ခဲ့ပြီး သူတို့အဖွဲ့ရဲ့ ကိုရီးယား – အင်္ဂလိပ်နှစ်ဘာသာ စကားပြောစွမ်းရည်ကိုလည်း လေ့လာနိုင်ပါတယ်။
(Ref:billboard)