ကွန်ပျူတာ ချစ်ပ်တွေအတွက် အထူးထိပ်တန်းကုန်ကြမ်းတွေဖြစ်လာမယ့် သံဖြူ

stanene-tincan.jpg

 

ကွန်ပျူတာ ချစ်ပ်တွေမှာ လျှပ်စစ်စီးကြောင်း ၁၀၀ရာခိုင်နှုန်း သက်ရောက်ဖို့အတွက် ဘာမဟုတ်တဲ့ သံဖြူဒြပ်စင်တွေဟာ ကမ္ဘာ့ပထမဆုံး ကုန်ကြမ်းအဖြစ်သုံးနိုင်ပါလိမ့်မယ်။  ကုန်ကြမ်းသစ်ဖြစ်တဲ့ သံဖြူကို staneneလို့ နာမည်ပေးထားပါတယ်။ သံဖြူရဲ့ လက်တင်အခေါ် tin-stannum က stan- နဲ့ ကာဗွန်မူကွဲ graphene ရဲ့နောက်ဆက်စာလုံး -ene နဲ့ ကိုပေါင်းထားတာပါ။ Grapheneဟာ လျှပ်စစ်ပစ္စည်းတွေအတွက် အသုံးဝင်တဲ့ ကုန်ကြမ်းတစ်ခုဖြစ်ပါတယ်။

အနာဂတ်ကွန်ပျူတာတွေမှာ stanene ကိုသုံးမယ်ဆိုရင် ပါဝါစားသက်သာမှာဖြစ်ပြီး အလုပ်လုပ်နှုန်းလည်း ပိုမြန်လာမှာပါ။ ဒီကြိုတင်ခန့်မှန်းချက်ကို အတည်ပြုနိုင်ဖို့အတွက် staneneကို ကမ္ဘာအနှံ့က ဓါတ်ခွဲခန်းတချို့မှာ စမ်းသပ်စစ်ဆေးမှုတွေ လုပ်နေပါတယ်။

(Ref:zeenews.india)

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.