တရုတ်နိုင်ငံ Shenzhen က အသက်ငယ်ရွယ်တဲ့ အမျိုးသားတစ်ဦးဟာ ဂျက်ခ်မာလို ရုပ်ရည်မျိုး ပိုင်ဆိုင်ဖို့ မကြာသေးမီက ယွမ်ငွေ ၁ သန်းအသုံးပြုခဲ့ပါတယ်။
လူတွေဟာ ရုပ်ရည်ချောမောလှပတဲ့ ရုပ်ရှင်သရုပ်ဆောင်တွေနဲ့ အနီးစပ်ဆုံးရုပ်ချင်းဆင်တူအောင် ပလတ်စတစ်ခွဲစိတ်ကုသမှုခံယူနေစဉ်မှာ Huang Jian ကတော့ အများနဲ့ဆန့်ကျင်ပြီး သူ့ကိုယ်သူ ဂျက်ခ်မာနဲ့တူအောင် ခွဲစိတ်ကုသမှုပြုလုပ်ဖို့ ရွေးချယ်ခဲ့ပါတယ်။ ဂျက်ခ်မာဟာ တရုတ်နိုင်ငံရဲ့အချမ်းသာဆုံးအမျိုးသားတွေထဲက တစ်ဦးဖြစ်ပြီး သူဟာ အီလက်ထရောနစ်ကုန်သွယ်မှုကုမ္ပဏီ Alibaba တည်ထောင်သူဖြစ်တာကြောင့် ဒီလူငယ်ရဲ့ပုဂ္ဂိုလ်ရေးသူရဲကောင်းတစ်ဦးဖြစ်ပါတယ်။
သူ့ရဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပလတ်စတစ်ခွဲစိတ်ရာမှာ အခုလို ငွေအမြောက်အများသုံးစွဲခဲ့တဲ့ အဓိကအကြောင်းအရင်းတွေထဲက တစ်ခုက သူ ဂျက်ခ်မာကို လူချင်းတွေ့ဖို့ မျှော်လင့်လို့ဖြစ်တယ်လို့ Huang က ဆိုပါတယ်။ အရောင်းစာရေးဖြစ်တဲ့ သူဟာ ဂျက်ခ်မာကိုယ်တိုင် Hangzhou မှာ ဖွင့်လှစ်ထားတဲ့ ပုဂ္ဂလိကကောလိပ်တစ်ခုဖြစ်တဲ့ Hupan University မှာ ကျောင်းအပ်ဖို့ စဉ်စီထားပါတယ်။ အဲဒီကျောင်းက လူငယ်စွန့်ဦးစီးပွားရေးပညာရှင်တွေ သူတို့ ကိုင်ပိုင်စီးပွားရေးတွေ မည်သို့မည်ပုံ ခြေလှမ်းစတင်ခဲ့ကြောင်း သင်ကြားတဲ့ကျောင်း တစ်ကျောင်းဖြစ်ပါတယ်။
့ခုလို Huang တစ်ယောက် တာင်ကိုးရီးယား ပလတ်စတစ်ခွဲစိတ်ဆေးခန်းမှာ ယွမ်ငွေ သန်းချီသုံးစွဲဖို့ မဖြစ်မနေ လိုအပ်ပေမယ့် တစ်ချို့ကျတော့လည်း မွေးရာပါ ကံကောင်းသူတွေလည်း ရှိခဲ့ပြန်တယ်။ ဥပမာ- ဂျက်ခ်မာနဲ့တူလို့ လွန်ခဲ့တဲ့နှစ်က အွန်လိုင်းပေါ်လူသိများလာတဲ့ လုံခြုံရေးကင်းစောင့် တစ်ဦးရှိသတဲ့။ နောက်ပြီး မကြာသေးမီကပဲ Jiangxi ခရိုင်က ၉ နှစ်အရွယ်ကလေးတစ်ယောက်လည်း Alibaba စီအီးအိုနဲ့ ဆင်တူတဲ့ သူ့ဓာတ်ပုံတွေ အွန်လိုင်းပေါ်ပျံ့နှံ့ခဲ့ပြီး ထင်ရှားခဲ့ပါသေးတယ်။ Huang ရဲ့ပြသနာကတော့ သူ အနည်းငယ် ရုပ်ရည်ဖြောင့်နေခြင်းပဲ ဖြစ်ပါတယ်။
Ref: Shanghiist