ဗန်နီဂျုံးစ်ဆိုသည့် အင်္ဂလန်ပရီးမီးယားလိဂ်ဘောလုံးသမားဟောင်းမှာ ၀င်ဘယ်လ်ဒန်အသင်းတွင် ဒင်းနစ် ၀ှိုက်၊ဂျွန်ဖက်ရှန်နူတို့ကဲ့သို့သော ခပ်ကြမ်းကြမ်းဘောလုံးသမားများနှင့် ပူးပေါင်းကာ ကစားပုံကြမ်းတမ်းလှ သည့် အသင်းတစ်သင်းအဖြစ် ဖန်တီးခဲ့သူဖြစ်သည်။ နောက်ပိုင်း လိဒ်စ်ယူနိုက်တက်၊ ရှက်ဖီးယူနိုက်တက် နှင့် ချဲလ်ဆီဒအသင်းများဆီသို့ ပြောင်းကစားခဲ့ပြီး ဘောလုံးသမားဘ၀မှ အနားယူပြီးသောအခါ အမေရိကန်နိုင်ငံ၊ ဟောလိဝုဒ်ရုပ်ရှင်လောကဆီသို့ ကူးပြောင်းကာ ခပ်ကြမ်းကြမ်းဇာတ်ရုပ်များဖြင့် နာမည်ကျော်လာခဲ့သူဖြစ်၏။ ထိုသို့ ဘ၀တစ်လျှောက်လုံး ခပ်ကြမ်းကြမ်းစတိုင်ဖြင့် မည်သူ့ကိုမျှ ကြောက်ရွံ့ထိတ်လန့်ခြင်းမရှိဘဲ နေထိုင်လာ ခဲ့သည့် ဗန်နီဂျုံးစ်မှာ စကားလုံး(၂)လုံးကို ကြားလိုက်ရသည့်အခါတွင် တစ်ခါမျှမဖြစ်ခဲ့ဖူးသော ကြောက်လန့်မှု များဖြစ်ခဲ့ရလေတော့သည်။ “ ကင်ဆာဆိုတာဟာ အရမ်းကိုကြောက်မက်ဖွယ်ရာစကားလုံးတွေဖြစ်ပါတယ်။ ဘောလုံးကွင်းထဲမှာ အကြမ်းတမ်းဆုံးဆိုတဲ့ ဘောလုံးသမားတွေနဲ့ ရင်ဆိုင်ခဲ့ဖူးပြီး ပြင်းထန်လွန်းတဲ့ရန်ဖြစ်မှု များကြားမှာရှင်သန်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ကင်ဆာကတော့ ကျွန်တော့ရဲ့ အကြီးမားဆုံးရန်သူဖြစ်လာခဲ့ပါပြီ။ ကျွန်တော့မှာ အရေပြားကင်ဆာရှိနေပြီဆိုတာ ဆရာဝန်ပြောလိုက်ချိန်မှာ တွေးလိုက်မိတာက ငါဘယ်အချိန် ထိ အသက်ဆက်ရှင်နေဦးမှာလဲဆိုတာပါပဲ”ဟု ဗန်နီဂျုံးစ်က ပြောခဲ့သည်။
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။