Justin Timberlake နဲ့ Robin Thicke တို့ရဲ့သီချင်းတွေဟာ MTV ဆုတွေရရှိခဲ့ပြီး pop နဲ့ မြို့ပြ ရေဒီယိုတွေမှာလဲ သူတို့သီချင်းတွေက ပေါက်ခဲ့ပါတယ်။ R&B လောကမှာ လူဖြူအနုပညာရှင်တွေ အသိအမှတ်ပြု မခံခဲ့ရတဲ့ ၁၉၉၀ပြည့်လွန်နှစ် ၀န်းကျင်တွေ လို မဟုတ်တော့ပါဘူး။ ၂၁ရာစု မှာတော့ သိသိသာသာ ပြောင်းလဲမှုတွေ ဖြစ်လာခဲ့ပါပြီ။ R&B လို့ခေါ်တဲ့ Rhythm and Blues ဂီတလောကမှာ လူဖြူတွေ အခရာဖြစ်လာတဲ့ ခေတ်ကို ရောက်ရှိလာခဲ့ပါတယ်။
၁၉၉၀ပြည့်လွန်နှစ်တွေရဲ့ နှောင်းပိုင်းမှာ မကြံစဖူး အခြေအနေတစ်ရပ် ဖြစ်ခဲ့ပါတယ်။ လူဖြူ မျိုးဆက်သစ်လေး တွေ တစ်အုပ်ကြီးကို Hip-Hop နဲ့ R&B mainstream ပေါ်ရောက်လာကြတာပါပဲ။ Pop ဂီတမှာလောက မှာ ကျင်လည်နေခဲ့တဲ့ ဆယ်ကျော်သက် pop အဆိုတော်တွေဟာ ကြီးပြင်းလာတဲ့အခါ သူတို့ကိုယ်သူတို့ လူကြီးဖြစ်ပြီ ဆိုတဲ့ အသိနဲ့ ခေတ်ပြိုင် R&B လောကထဲကို ၀င်ရောက်လာခဲ့ကြ ပါတော့တယ်။ soul ပုံစံသစ် နဲ့ ကြီးပြင်းလာခဲ့တဲ့ ဗြိတိန် အဆိုတော်တွေဟာလည်း ၁၉၆၀ပြည့်လွန်နှစ်တွေက R&B ပုံစံတွေနဲ့ ဖမ်းစားနိုင်ခဲ့ကြတယ်။ ကမ္ဘာအနှံ့က pop ဂီတပညာရှင်တွေကလည်း လူမဲဂီတ နဲ့ Electro ကအစ country စတိုင်တွေကို ပေါင်းစပ်ဖန်တီး လာခဲ့တယ်။ အဲ့ဒီ့လိုမျိုး သီချင်းတွေကို blue-eyed soul လို့ခေါ်နိုင်ပါတယ်။ ဒါပေမယ့် နားလည်ထားဖို့ လိုတာက R&B ဂီတက လွတ်လပ်တဲ့ ဂီတအမျိုးအစားဖြစ်လာတဲ့အတွက် ဒီလို ဂီတမျိုးကွဲတွေကို တစ်မိုးအောက်ထဲမှာ ပဲထားထားဖို့ပါပဲ။ ဘယ်လိုပဲပြောပြော ဒီသီချင်းပုံစံတွေ ဟာ R&B ဂီတ သီချင်းတွေ အဖြစ်နဲ့သာ ထင်ရှားကြပါတယ်။
ဂီတအမျိုးအစားတွေဟာ မျိုးရိုးတစ်ခု အလားပဲ သေသေချာချာ လေ့လာကြည့်ရင် တကယ်သတ်မှတ်လို့ရတဲ့ ဂီတအမျိုးအစားဆိုတာ မရှိတော့ဘူး။ လူသားတွေ ဖန်တီးတည်ဆောက် ခဲ့တဲ့ ဂီတပဲဖြစ်တဲ့ အတွက် နောက်ဆုံးတော့ တူတူပဲဆိုတာ သိလာပါလိမ့်မယ်။ မျိုးရိုးအရပြောရမယ်ဆိုရင် ဒဏ္ဍာရီတစ်ပုဒ်လိုပါပဲ။ ကျွန်တော်တို့ လူသားအားလုံးရဲ့ DNA ကို ခြေရာပြန်ကောက်လိုက်ရင် အာဖရိကသားချည်းပဲဖြစ်တယ် လို့ သိပ္ပံပညာရှင်တွေက ပြောခဲ့ပါတယ်။ တကယ်တော့၊ အမေရိကန် ခေတ်သစ် pop ဂီတဟာ blues နဲ့ Jazz ဂီတတွေကို အခြေခံထားတာပါ။
Ref:complex