ဒီသီချင်း ဗီဒီယိုဟာ (၂၄)နာရီကြာပြီး ဒါကိုကြည့်မယ်ဆိုရင်တော့ အလုပ်ကနေထွက်သင့်တယ်။ မဟုတ်ရင်လည်း ဒါကိုထပ်တလဲလဲကြည့်ရင်းနဲ့ပဲ မင်းရဲ့ဘ၀ကို ဖြုန်းမိလိမ့်မယ်တဲ့လေ။
Pharrell ရဲ့နေ့စဉ် နေထိုင်မှုဘ၀ပုံစံဟာ ဘယ်လိုများရှိမလဲ သိချင်မိကြပါသလား။ Despicable Me 2 ဇာတ်ကားရဲ့ ဇာတ်ဝင်တေးဖြစ်တဲ့ “Happy” သီချင်းဗီဒီယိုထဲမှာ အဖြေရှာကြည့်ပါ။ ဒီသီချင်းကို သူရဲ့တစ်နေ့တာလှုပ်ရှားမှုအဖြစ် စားသောက်ကုန်ဆိုင်တွေ၊ gas station တွေကို သွားလည်တာမျိုး ၊Despicable Me 2 ဇာတ်ကားကို Projector အကြီးကြီးနဲ့ ကြည့်တာမျိုးတွေပါဝင်ပါတယ်။ ပြီးတော့ ကမ္ဘာတစ်လွှား ခရီးသွားပြီး သူ့ရဲ့ celebrity သူငယ်ချင်းတွေနဲ့ တွေ့ဆုံပါတယ်။ တကယ့်ဘ၀ထဲက သူငယ်ချင်းတွေဖြစ်တဲ့ Magic Johnson, Chad Hugo, Jamie Foxx နဲ့ Odd Future စတဲ့ နာမည်ကျော်ပေါင်း များစွာအပြင် အခြားသူများလည်း ပါဝင်ပါတယ်။
၂၄ နာရီစာ အပြည့် ရိုက်ကူးထားတဲ့ သူ့ရဲ့ ဖြစ်စဉ်တွေကို ဒီဗီဒီယိုမှာ ခံစားနိုင်မှာဖြစ်ပါတယ်။
Ref: complex