မြူးဇစ်ဗီဒီယိုတွေမှာရော၊ ကြော်ငြာတွေမှာပါ တွေ့လာရတဲ့ ဆယ်ကျော်သက်ပျိုမေတွေ အသည်းစွဲ ဆန်းတိုးနိုင်နဲ့ တွေ့ဆုံတုန်း သူ့ရဲ့အနုပညာလှုပ်ရှားမှုနဲ့ အချစ်ရေးကို မေးကြည့်ဖြစ်တဲ့အခါ ‘အခုလတ်တလော အနုပညာလှုပ်ရှားမှုအနေနဲ့ ဓာတ်ပုံတွေရိုက်ဖြစ်နေပါတယ်။ အမ်တီဗီတွေ ရိုက်ဖြစ်နေပါတယ်။ တီဗီကြော်ငြာတွေရိုက်ဖြစ်နေပါတယ်။ အခုလောလောဆယ်ကားကတော့ မရိုက်သေးပါဘူး။ ဇာတ်ကားရိုက်အနေနဲ့က ကိုစိုင်းနဲ့တစ်ကားရိုက်ထားတာပဲရှိပါသေးတယ်။ အဲဒါကလဲ ကိုစိုင်းကခေါ်လို့ ကိုစိုင်းနဲ့ခင်လို့ရိုက်ဖြစ်ခဲ့တာပါ။ အဲဒီကားလေးက ဒီနှစ်သင်္ကြန်ပြီးတော့ ရိုက်ထားခဲ့တာပါလို့ပြောပါတယ်။’လို့ သူကပြောပါတယ်။ ၂၀၁၄ထဲမှာ မင်္ဂလာဆောင်ကြတော့မယ့် အနုပညာရှင်တွေရဲ့ မင်္ဂလာသတင်းနဲ့ သူ့ရဲ့အချစ်ရေးကိုတော့ ‘သူတို့ကိုကြည့်ပြီး ၀မ်းသာပါတယ်။ ကျွန်တော်က လောလောဆယ်မှာမရှိသေးပါဘူး။ သူတို့ရဲ့ မင်္ဂလာပွဲမှာ သတို့သားအရန်အဖြစ် ကမ်းလှမ်းလာမယ်ဆိုရင် ၀မ်းသာအားရလက်ခံဖြစ်မှာပါ။ အချစ်ဆိုတာကို နားလည်ထားတာကတော့ တစ်ယောက်နဲ့တစ်ယောက်နားလည်မှုရှိမှ ရေရှည်လက်တွဲလို့ရမယ်။ ကိုယ်နဲ့လက်တွဲမဲ့သူဆိုတော့ ကိုယ်သဘောကျတဲ့သူပေါ့။ ပြီးတော့အိမ်နဲ့လဲအဆင်ပြေရမယ်။ ငယ်ငယ်က နားလည်ထားတဲ့ အချစ်က ရှုးသွပ်မှုတစ်ခုပေါ့။ လေးလေးနက်နက်မရှိခဲ့ဘူး။ လက်ထပ်တော့မယ့် အချိန်ကျရင် လိုချင်တဲ့စံနှုန်းတွေကတော့ ကျွန်တော်က နည်းနည်းဆိုးတဲ့အထဲမှာပါတော့ လိမ္မာရမယ်။ ကျွန်တော့ကိုထိန်းနိုင်မဲ့လူဖြစ်ရမယ်။ ကျွန်တော့ကို အရာရာနားလည်ပေးနိုင်တဲ့လူဖြစ်ရမယ်။’ လို့သူက ပြောပြခဲ့ပါတယ်။
ကိုယ်ကနည်းနည်းဆိုးတဲ့သူမို့လို့ နားလည်ပေးနိုင်တဲ့ချစ်သူမျိုးကိုသာ လက်တွဲသွားမယ်လို့ဆိုတဲ့ ဆန်းတိုးနိုင်

Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။