WTA တစ်နှစ်တာအကောင်းဆုံး ကစားသမားအဖြစ် အမေရိကန်တင်းနစ်မယ် ဆီရီနာဝီလျံရွေးချယ်ခံခဲ့ရ

news_c.jpg

၂၀၁၃ ခုနှစ်အတွင်း ပြိုင်ပွဲ(၁၁)ပွဲတွင် ဆုဖလားများရရှိခဲ့သော အမေရိကန်အမျိုးသမီးတင်းနစ်ကစားသမား ဆီရီနာဝီလျံအား တစ်နှစ်တာအကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်လိုက်ပြီဖြစ်ကြောင်း သိရသည်။ဆီ ရီနာမှာ ၂၀၁၃ခုနှစ်အတွင်း ပြင်သစ်အိုးပင်း၊ အမေရိကန်အိုးပင်းနှင့် WTA ချန်ပီယံရှစ်များအပါအ၀င် စုစုပေါင်း ဆုဖလား(၁၁)ခုရရှိခဲ့ခြင်းဖြစ်ပြီး တစ်ရာသီအတွင်း (၇၈)ပွဲအနိုင်ရရှိခဲ့ကာ (၄)ပွဲသာရှုံးနိမ့်ခဲ့သည့် စွမ်းဆောင်မှု များကြောင့် အကောင်းဆုံးအဖြစ်ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။  “ပြင်သစ်အိုးပင်းကတော့ ထင်သာမြင်သာရှိလွန်း ခဲ့တဲ့ စွမ်းဆောင်မှုဖြစ်ခဲ့ပါတယ်။ ဒီဆုကိုရယူချင်ခဲ့တာ နှစ်တွေအတော်ကြာခဲ့ပါပြီ။ ဒါကြောင့်လည်း အရမ်းကို စိတ်လှုပ်ရှားခဲ့မိရတာပါ။ ဒါ့အပြင် မြေစေးကွင်းတွေမှာ ရှုံးပွဲမရှိခဲ့ခြင်းကြောင့်လည်း အရမ်းကို ပျော်ရွှင်မိတယ်။ အားလုံးကို ခြုံပြောရရင်တော့ အမှားတွေကို သင်ခန်းစာယူပြီး ဆက်လက်ယှဉ်ပြိုင်သွားမှာပါ”ဟု ဆီရီနာက ပြော ခဲ့သည်။ ဆီရီနာဝီလျံမှာ WTA တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ငါးကြိမ်မြောက်အဖြစ် ရရှိ ခဲ့ခြင်းဖြစ်ကာ ၂၀၀၂၊ ၂၀၀၈၊ ၂၀၀၉နှင့် ၂၀၁၂ခုနှစ်များတွင်လည်း ရရှိထားခဲ့သည်။

ဆီရီနာ၏တစ်နှစ်တာ ဆုကြေးငွေစုစုပေါင်းမှာ ဒေါ်လာ ၁၂ဒသမ၃၈သန်းအထိပင်ရှိခဲ့ကြောင်း သိရသည်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.