စုံတွဲတွေကို တကယ်မြဲပြီးပျော်ရွှင်စေမယ့် လူတွေထင်မှတ်မထားတဲ့ အချက်(၃)ချက်

original.jpg
အချစ်ရေးမှာ ပျော်ရွှင်စေဖို့ ဘာတွေလုပ်ဆောင်ရန်လိုအပ်တယ်ဆိုပြီး အခါခါ ရေးသားဖော်ပြဖူးကြပေမယ့် ခုပြောပြမယ့် အချက်ကလေးတွေကတော့ သိပ်လူသိမများပါဘူး။ ဒါပေမယ့် စုံတွဲတွေအတွက် တကယ့်ကို အတူလုပ်ဆောင်သင့်လှတဲ့ အချက် (၃) ချက်ဖြစ်ပါတယ်။ ဒီအချက် (၃)ချက်ဟာ သင်တို့ချစ်သူစုံတွဲတွေကို တကယ်ကိုမြဲစေမှာဖြစ်ပြီး နှစ်ဦးသား စိတ်ပျော်ရွှင်ကြည်နူးမှုရရှိဖို့အတွက်လည်း အာမခံပေးနိုင်ပါတယ်။
 
၁။ တရားထိုင်ပါ။ 
နှလုံးခုန်သံ၊ ၀င်လေ၊ ထွက်လေ သိမှတ်ခြင်းဟာ သင်တို့နှစ်ဦးအတွက် စိတ်အေးချမ်းမှုကို ယူဆောင်ပေးနိုင်မှာ အသေအချာပါပဲ။ နောက်တစ်ချက်က နှစ်ဦးသား ပိုမိုစိတ်ချင်းဆက်သွယ်နိုင်တဲ့ အဓိကအချက်လည်း ဖြစ်ပါတယ်။ ညနေပိုင်းတွေ အတူ တရားထိုင်ခြင်းဟာ စုံတွဲတွေအတူလုပ်ဆောင်သင့်တဲ့အရာပါ။ ဒီအချက်က ချစ်တင်းနှီးနှောခြင်းအတွက် လည်း များစွာအထောက်အကူ ပြုပါသေးတယ်။
 
၂။ ဟင်းလျာတွေ ချက်ပြုတ်ပါ။
သာယာတဲ့ ညနေခင်း၊ ဒါမှမဟုတ် အတူရှိနေတဲ့ ညနေခင်းတွေမှာ အပြင်ဆိုင်တွေမှာ သွားစားမှာထက် ကျန်းမာရေးအတွက် ပိုမိုသင့်တော်အောင် အိမ်မှာအတူချက်ပြုတ်စားသောက်သင့်လှပါတယ်။ ဘာဟင်းချက်စားကြမယ်ဆိုတာ အတူရွေးချယ်ပြီး ဟင်းလျာတွေကို အတူချက်ပြုတ်ကြည့်ပါ။ ဒါဟာ ပျော်စရာကောင်းတဲ့ အချိန်တွေကို ဖန်တီးရာရောက်သလို နှစ်ဦးသားပိုမို ရင်းနှီးနွေးထွေးစေမယ့် အရာလည်း ဖြစ်ပါတယ်။ 
 
၃။ ခရီးထွက်ပါ။
ချစ်သူစုံတွဲတွေ ခရီးထွက်ပေးခြင်းအားဖြင့် တစ်ယောက်အကြိုက် တစ်ယောက်ပိုသိလာမယ်၊ တစ်ယောက်အကျင့် တစ်ယောက် ပိုသိလာပါလိမ့်မယ်။ ခရီးထွက်ပေးခြင်းအားဖြင့် စိတ်တွေ ပြန်လည်လန်းဆန်းလာစေမှာလည်း အမှန်ပါပဲ။ စုံတွဲတွေအနေနဲ့ သွားသင့်တဲ့နေရာကတော့ ကမ်းခြေပါ။ ရေဟာ စိတ်ဖိစီးမှုတွေကို လျော့ချပေးနိုင်သလို ရိုမန်တစ်ဆန်တဲ့ ညနေခင်းတွေလည်း ဖန်တီးနိုင်ပါလိမ့်မယ်။
 
Ref:womenshealthmag
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.