ဒီအပါတ်အစောပိုင်းမှာ မိတ်ဆက်ပေးပြီးတာဖြစ်ပြီး အခုအချိန်မှာတော့ Bullet For My Valentine ဟာသူတို့ရဲ့ single အသစ် Raising Hell ကို ဒီဇင်ဘာ ၁၀ရက်မှာ ဒစ်ဂျစ်တယ်စနစ်(online စနစ်) နဲ့ဖြန့်ချီမှာဖြစ်ကြောင်း တရားဝင်အတည်ပြုလိုက်ပြီးဖြစ်ပါတယ်။
“Raising Hell ဟာ Bullet ရဲ့နောက်အခန်းသစ်ကို ပိုမိုပြင်းထန်တဲ့ thash metal စတိုင်လ်ထဲသယ်ဆောင်သွားပေးမယ့် သီချင်းကောင်းဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီ single ရဲ့ ရလဒ်နဲ့ပါတ်သတ်ပြီး တော်တော်လေးပျော်ပါတယ်။ အထူးသဖြင့် ကိုယ်တိုင်ထုတ်လုပ်တဲ့ အခွေဖြစ်နေတာကြောင့်ပါ။ ပြီးတော့နောက် album စဖို့အတွက်မစောင့်နိုင်တော့ပါဘူး။ ပိုပြီးစိတ်လှုပ်ရှားစရာကောင်းပြီး heavy ဖြစ်တဲ့ဟာမျိုးပြန်လုပ်ရတာ အရမ်းမိုက်ပါတယ်။ စောင့်ကြည့်ကြပါ” လို့အဆိုတော် Matt Tuck ကပြောပါတယ်။
ဒီဇင်ဘာလထဲမှာ BFMV ဟာ Asking Alexandria, Young Guns အဖွဲ့တွေနဲ့အတူ Rule Britanni နယ်လှည့်ဖျော်ဖြေပွဲမှာ ပါဝင်မှာဖြစ်ပါတယ်။
Ref:metalhammer