အသက် (၃၀ ) အရွယ် ပြင်သစ်အသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်း တောင်ပံကစားသမား ဖရန့် ရီဘာရီဟာ လွန်ခဲ့တဲ့ ရက်က ကစားခဲ့တဲ့ ပြင်သစ်အသင်းနဲ့ ယူကရိန်းအသင်းတို့ ရဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ရှုံးထွက်ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့ တာကြောင့် လာမယ့်စနေနေ့ မှာ ကစားမယ့် ဒေါ့မွန်အသင်းနဲ့ ပွဲကြပ်ပွဲစဉ်ကို လွဲချော်ရပါတော့မယ်။ ရီဘာရီဟာ အခုတစ်ပတ်စနေနေ့  ဘွန်ဒက်လီဂါဇယားထိပ်ဆုံးက ဦးဆောင်နေတဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ အကြီးဆုံးပြိုင်ဘက် ဒုတိယနေရာက ကပ်လိုက်နေတဲ့ ဒေါ့မွန်အသင်းတို့ ရဲ့ ပွဲစဉ်ကို လွဲချော်ရတော့မှာပါ။ မနှစ်က ဥရောပအကောင်းဆုံးဘောလုံးသမားဆုရထားတဲ့ ရီဘာရီဟာ အခုရာသီမှာလည်း ပြင်သစ်အသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ အတွက် အကောင်းဆုံးခြေစွမ်းပြထားပြီး အခုနှစ် ရွှေဘောလုံးဆုအတွက် ရော်နယ်ဒို၊ မက်ဆီတို့ နဲ့ အတူ ရေပန်းစားလျက်ရှိပါတယ်။ နောက်သတင်းတစ်ခုကတော့ ဘိုင်ယန်မြူးနစ်အသင်းဟာ ဒဏ်ရာပြသနာများနေတဲ့ နောက်တန်းအတွက် လေဗာကူဆင်အသင်းက Manuel Friedrich ကို လွန်ခဲ့တဲ့ (၂၀) ရက်နေ့ က အလွတ်ပြောင်းရွှေ့ ကြေးနဲ့ ခေါ်ယူလိုက်ပါတယ်။
ဘိုင်ယန်မြူးနစ် အသင်းရဲ့ အဓိကတောင်ပံကစားသမား ရီဘာရီ ၊ ဒေါ့မွန်အသင်းနဲ့ ပွဲ လွဲချော်မည်

Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။