အဆိုပိုင်းရော၊ သရုပ်ဆောင်ပိုင်းပါ တတ်နိုင်သလောက်ကြိုးစားသွားမယ့် ဆန်းသစ်လ

1380234_288304401301747_1567873195_n.jpg

အဆိုတော်မေရွက်ဝါရဲ့ သမီးဖြစ်တဲ့ မော်ဒယ်လ်ဆန်းသစ်လရဲ့ အနုပညာအကြောင်းအရာတွေနဲ့ ပတ်သတ်ပြီး သူမနဲ့ဆုံတဲ့အချိန် ခုလိုမေးဖြစ်တဲ့အခါမှာတော့ ‘ညီမအခုလောလောဆယ် calendar တွေအများဆုံးရိုက်ဖြစ်တယ်။ ပြီးတော့ ဗီဒီယိုဇာတ်ကားတွေလဲ ရိုက်ထားတယ်။ နောက်ဆုံး ရိုက်ထားတာက ကိုဟိန်းဝေယံနဲ့တစ်ကား၊ ကိုစိုင်းနဲ့တစ်ကားပေါ့။ ကားရိုက်နဲ့ပတ်သတ်ရင် လက်ဦးဆရာက ဦးမီးပွားပေါ့။ နောက်ဆုံးရိုက်ခဲ့တာကလဲ ဦးမီးပွားပဲဆိုတော့ သူလဲသင်ပေးတယ်။ ကိုစိုင်းကလဲ သင်ပြပေးပါတယ်။ လေ့လာရတဲ့အပိုင်းကတော့ ညီမငိုတဲ့အပိုင်းတွေက သိပ်အဆင်မပြေသေးတော့ ငိုတဲ့ အပိုင်းလေးတွေကိုလေ့လာဖြစ်တယ်။ ပြီးတော့ ကိုယ့်ရဲ့ ကာရိုက်တာအတွက် ဘယ်လို Mood သွင်းတယ်ဆိုတာလေးတွေ လေ့လာဖြစ်နေပါတယ်။ ပြီးတော့  ညီမ သီချင်းတွေဆိုဖို့ လုပ်နေပါတယ်။ အနုပညာနဲ့ပတ်သတ်ရင် ဂီတဖက်ရော၊သရုပ်ဆောင်ဖက်ရော ၂ ခုစလုံးကိုဝါသနာပါပါတယ်။ သီချင်းနဲ့ပတ်သတ်ပြီးတော့ ၂၀၁၄အကုန်လောက်မှလုပ်ဖြစ်မှာပါ။ အခုကတော့ အတွဲတွေအနေနဲ့ပဲလုပ်နေတာပါ။ ဟိုတလောက ရွှေ FMမှာ သီချင်းတစ်ပုဒ် ဆိုထားတယ်။ အခုအဲဒီအတွက် အမ်တီဗီရိုက်ဖို့လုပ်နေပါတယ်။ တစ်ကိုယ်တော်အခွေအတွက် က မေမေနဲ့တိုင်ပင်ပြီးတော့ သီချင်းတွေစစုနေပြီ။ ဒါပေမယ့် လုပ်ဖြစ်မှာက ၂၀၁၄အကုန်မှပေါ့။ သီချင်းနဲ့ပတ်သတ်ပြီး ၁၀ပြီးကတည်းက အိမ်မှာ ဆရာမ မေမြတ်မွန်နဲ့ခေါ်သင်တယ်။ ပြီးတော့ ဆရာမောင်ကြီးနဲ့လဲသင်နေပါတယ်။ ညီမကြိုက်တာကတော့ ပေါ့မြူးဇစ်အမျိုးအစားပေါ့။ ညီမအရမ်းနှစ်သက်တယ်။ လေးစားတဲ့ဂီတအနုပညာရှင်ဆိုရင်တော့ အန်တီထွန်းအိနြာဗို အရမ်းကြိုက်တယ်။ပြီးတော့ အန်တီရတနာဦးအသံကို အရမ်းကြိုက်တယ်။ သရုပ်ဆောင် အလုပ်ကတော့ ပရိသတ်ရဲ့လက်ခံမှုအပေါ်မှာလိုက်ပြီး ညီမဆက်လုပ်သွားမယ်။ သီချင်းကတော့ ညီမငယ်ငယ်ကတည်းက ၀ါသနာပါခဲ့တယ်။ မေမေကလဲ အားပေးတဲ့အတွက် ညီမမဖြစ်ဖြစ်အောင်လုပ်သွားမှာပါ။’လို့ ပြောပြခဲ့ပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.