ရည်းစားဟောင်းကို မေ့လို့မရနိုင်သေးဘူးဆိုတာ ဒီအချက်တွေက ပြသနေ

not_over.jpg
သင်ဟာ အတိတ်မှာပဲ တ၀ဲလည်လည် ဖြစ်နေသလား။ အထူးသဖြင့် ကိုယ့်အပေါ် မကောင်းလို့ လမ်းခွဲခဲ့တဲ့ ချစ်သူရည်းစား၊ သူကစပြီး ကိုယ့်ကိုအကြောင်းမဲ့ ဖြတ်သွားခဲ့တဲ့ ချစ်သူရည်းစား၊ ဒါမှမဟုတ် အကြောင်းအမျိုးမျိုးကြောင့် လမ်းခွဲလိုက်ရတဲ့ ချစ်သူရည်းစားကို မေ့ဖို့ကြိုးစားပေမယ့် မမေ့နိုင်ပဲ သတိတရဖြစ်နေသေးသလားဆိုတာ ဒီအချက်တွေက သေချာသွားစေပါတယ်။ 
– တစ်ခုခုဖြစ်ပြီဆိုတာနဲ့ ကိုယ်ပထမဆုံး ဆက်သွယ်ဖို့ ကြိုးစားတဲ့သူဟာ သူပဲ အမြဲဖြစ်နေတတ်တယ်။
– သူ့ဆီမှာ သင့်ပစ္စည်းတွေ ခုထိရှိနေတုန်းပဲ။ သူ ဒီပစ္စည်းတွေ ပြန်ပို့မလား၊ ဖုန်းခေါ်မလားဆိုတာကိုလည်း တိတ်တခိုး မျှော်လင့်နေတယ်။ ဒါဟာ ပစ္စည်းတွေလိုချင်လို့ မဟုတ်ပဲ သူနဲ့အဆက်အသွယ် ပြန်ရချင်လို့သာ ဖြစ်တယ်။
– အသစ်တွေတော့ တွေ့ပါရဲ့။ တွေ့တဲ့သူတိုင်းကို သူနဲ့ပဲ အမြဲနှိုင်းယှဉ်ဖြစ်နေတယ်။
– သူသွားနေကျ နေရာတွေကို သူနဲ့တွေ့မယ်ဆိုတဲ့ အထင်နဲ့ သွားဖြစ်တယ်။ သူ့ကိုရှာဖြစ်တယ်။
– သူလုပ်နေကျ အရာတွေ၊ သူ့ဝါသနာတွေအတိုင်း ကိုယ်လည်း လုပ်ဆောင်မိနေတယ်။ သူ့ဝါသနာဟာ ကိုယ့်ဝါသနာ ဖြစ်လာခဲ့ပြီ။ ဒါတွေလုပ်နေချိန်တိုင်းလည်း သူ့ကိုပဲ သတိရနေတယ်။
– ဆိုရှယ်မီဒီယာမှာလည်း သူဘာတွေလုပ်နေလဲဆိုတာ အမြဲ လိုက်ကြည့်နေမိတယ်။
– သူ စိတ်ဝင်စားနေတဲ့ သူဟာ ဘယ်လိုလူမျိုးလဲ လိုက်ကြည့်မိတယ်။ ပြီးရင် ကိုယ်နဲ့ယှဉ်ပြီး တွေးမိနေပြန်ရော။
– သူ့ကို မေ့ပစ်နိုင်ဖို့ အသစ်တစ်ယောက်ထားမယ်ဆိုပြီး အပြင်းအထန်လိုက်ရှာနေမိတယ်။ ဒါဟာ ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ပိုဖြစ်စေပါလိမ့်မယ်။
– စကားဆယ်ခွန်းမှာ ရှစ်ခွန်းလောက်က သူ့အကြောင်း၊ သူ့နာမည်ချည်းပဲပြောဖြစ်နေတုန်း။
– သူပေးထားတဲ့ လက်ဆောင်တွေ၊ နှစ်ယောက်သားအတူရိုက်ထားတဲ့ ဓာတ်ပုံတွေကို မသိမ်းဆည်းပဲထားထားတုန်း။ လွှင့်မပစ်ပဲ ထားထားတုန်း။
-နှစ်ဦးသားအမှတ်တရရှိခဲ့တဲ့ သီချင်းတွေ ပြန်ကြားရင် သူ့ကို လွမ်းဆွတ်နေမိတုန်း။
– သူ့ဖုန်းနံပါတ်ကို ခုချိန်ထိ မဖျက်ပစ်နိုင်သေးဘူး။
Ref:yourtango
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.