ဘန်နီဖြိုးဟာ ‘ချစ်တယ်ဟုတ်’ တေးစီးရီးနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိခဲ့တဲ့သူတစ်ယောက်ဖြစ်ခဲ့ပါတယ်။ အခုတခါမှာလည်း သူ့ရဲ့ဒုတိယမြောက်တေးစီးရီး ‘လူပျိုလှည့်တေး’ ကိုပရိသတ် ရှေ့ကိုချပြတော့မှာပါ။ ဒီ ‘လူပျိုလှည့်တေး’ တေးစီးရီးနဲ့ ပတ်သက်ပြီး စာနယ်ဇင်းမိတ်ဆက်ပွဲ ကိုနိုဝင်ဘာ ၂၂ရက်နေ့က Central ဟိုတယ်မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ အနုပညာမောင်နှများစွာစုံလင်စွာတက်ရောက်ခဲ့ ကြပါတယ်။ ဘန်နီဖြိုးကလည်း သူ့ရဲ့ ‘လူပျိုလှည့်တေး’ တေးစီးရီးနဲ့ ပတ်သက်တဲ့ ရင်တွင်းစကားလေးတွေကို ပြောပြခဲ့တာကတော့ “ကျွန်တော်ဒီလူပျိုလှည့် တေးစီးရီးဆို ပြီးဖြစ်လာဖို့အတွက် ကျွန်တော့် ရဲ့လူအင်အားတွေရော၊ စိတ်အင်အားတွေကိုရော နေ့ရှိသရွေ့ အစွမ်းကုန် ဒီအခွေထဲမှာပဲစိတ်နှစ်အာရုံစိုက်ပြီးတော့ သေချာ ကြိုးစားအားထုတ်ခဲ့တာ ဖြစ်တယ်။ ပထမအခွေထက် ဒီအခွေလေးကို ပိုပြီးကောင်းစေချင်တဲ့ စိတ်ဆန္ဒတစ်ခုတည်းကြောင့်ပါ။ လူပျိုလှည့်တေး ထဲမှာပါဝင်တဲ့ သီချင်းအားလုံးက ကျွန်တော့်ရဲ့ ခံစားချက်တွေချည်းပဲ ပါဝင်တာ ဖြစ်သလို သီချင်းတွေ အကုန်လုံးကို ကျွန်တော် ကိုယ်တိုင်ရေးထားတာပါ။ ဒီအခွေထဲက သီချင်းတွေကနည်းနည်းထူးခြားတယ်ပြောရမယ်။ အရမ်းခေတ်လွန်ဘက်ကိုရောက်တာတွေ ရှိသလို ခေတ်နောက်ပြန်ဆွဲထားတဲ့ပုံစံမျိုးတွေပါလို့အစွန်း နှစ်ဖက်ကိုရောက်နေတယ်လို့ ပြောလို့ရတယ်။ ပရိသတ်ကြိုက် မယ်လို့ မျှော်လင့်ထားပါတယ်။ လူပျိုလှည့်တေးကိုFrenzo production ကနေ ဒီဇင်ဘာ၁ရက် နေ့မှာဖြန့် ချိသွားမှာဖြစ်ပါတယ်။ ဖြန့်ချိတဲ့နေ့ ဒီဇင်ဘာ၁ရက်နေ့ မှာပဲ ညနေ၃နာရီကနေ ၅နာရီထိ Junction Square promotion Area မှာ အနုပညာရှင်သူငယ် ချင်းတွေနဲ့အတူ အမှတ်တရလက်မှတ်ရေးထိုးပြီး တေးသီချင်းတွေနဲ့ ဖျော်ဖြေပေးသွားမှာဖြစ်ပါတယ်’’တဲ့။
ဒီဇင်ဘာတစ်ရက်နေ့မှာ ပရိသတ်တွေ ခံစားနားဆင်ရမယ့် ဘန်နီဖြိုးရဲ့ လူပျိုလှည့်တေး

Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။