HTTrack အသုံးပြုပြီး website ဒေါင်းလုဒ်ရယူနည်း

hqdefault.jpg

ကျွန်ုပ်တို့ဟာ များသေားအားဖြင့် အင်တာနက်လိုင်း အမြဲတမ်း ချိတ်ထားလေ့မရှိပါဘူး။ Offline နဲ့ ဝင်ရောက်ကြည့်ရှုနိုင်အောင် လိုင်းချိတ်ဆက်သုံးစွဲနေစဉ်အတွင်း ဝက်ဘ်ဆိုဒ်တစ်ခုလုံးဒေါင်းလုဒ်ရယူနည်းလေး ဖော်ပြပေးချင်ပါတယ်။ 

HTTrack ဆော့ဖ်ဝဲအသုံးပြုပြီး အောက်ပါဆင့်ဆင့် လုပ်ဆောင်ချက်အတိုင်း လိုက်နာဆောင်ရွက်ရုံပါပဲ။ 

၁။ အရင်ဦးဆုံး HTTrack ဆော့ဖ်ဝဲကို ဒေါင်းလုဒ်ရယူရပါမယ်။ အခမဲ့ဆော့ဖ်ဝဲလေး ဖြစ်ပါတယ်။ 

၂။ ဆော့ဖ်ဝဲဒေါင်းလုဒ်ရရှိပြီးနောက် မိမိလက်ပ်တော့မှာ install လုပ်ပြီး စတင်လည်ပတ်စေလိုက်ပါ။

၃။ အောက်ပါအတိုင်း window တစ်ခု မြင်တွေ့ရပါမယ်။ Website တစ်ခုချင်းစီကို New Project တစ်ခုအနေနဲ့ ဖော်ပြထားပါတယ်။ ဆက်လက်လုပ်ဆောင်ဖို့ Next ကို click နှိပ်ပါ။

၎။ Project name နဲ့ category တောင်ဆိုတဲ့ window သစ်တစ်ခု ထပ်ပေါ်ပါလိမ့်မယ်။ Website ကို save လုပ်ဖို့ မိမိကြိုက်နှစ်သက်ရာ နေရာရွေးချယ်သတ်မှတ်ပြီး Next ခလုတ် နှိပ်ပါ။ 

၅။ ပေးထားတဲ့ ကွက်လပ်လေးမှာ website address (URL) ထည့်သွင်းရမှာပါ။ Action ဆိုတဲ့နေရာမှာ download website(s) အတိုင်းထားပြီး Next button နှိပ်ပါ။

၆။ နောက် window တစ်ခုထပ်ပေါ်ပါလိမ့်မယ်။ Finish button လေးနှိပ်ပါ၊ ဒေါင်းလုဒ်စတင်လုပ်ဆောင်ပါလိမ့်မယ်။

၇။ ဒေါင်းလုဒ်အခြေအနေကို တွေ့မြင်ရမှာပါ။ Website ကို မိမိကွန်ပျူတာထဲ ဒေါင်းလုဒ်မပြီးမချင်းစောင့်ပါ။ ဆန္ဒရှိပါက ဒေါင်းလုဒ်ကို cancel button နဲ့ ပယ်ပျက်နိုင်ပါတယ်။

၈။ Error ရှိမရှိ view error မှာ ကလစ်တစ်ချက်နှိပ်ပါ။ Duplicate of website လို error တစ်ခုခုတွေ့ပါက ပြင်ပေးပါ။ နောက် error တွေထပ်တွေ့ပါက HTTrack သုံးပြပြီး website ကော်ပီတစ်ခု ဒေါင်းလုဒ်ရယူတာ ပိုကောင်းပါလိမ့်မယ်။

၉။ ဒေါင်းလုပ်ရယူထားတဲ့ website ကို Browse mirrored website ပေါ်နှိပ်ပြီး ကြည့်ရှုနိုင်ပါပြီ။ 

Ref: techtricks 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.