နှလုံးရောဂါ မဖြစ်စေဖို့

heart_main.png

နှလုံးရောဂါမဖြစ်စေဖို့ ကျွန်တော်တို့ကိုယ်ကျွန်တော်တို့ ဘယ်လိုကာကွယ်စောင့်ရှောက် ရမယ်ဆိုတာကိုပိုပြီးနားလည်လာဖို့အတွက် နှလုံးအထူးကု ဆရာဝန်ကြီးဒေါက်တာမာ့ခ် ကွန်းဟိုနဲ့ တွေ့ဆုံမေးမြန်း ဖြစ်ခဲ့ပါတယ်။

နှလုံးရောဂါ ဖြစ်ပွားမှုနှုန်းဟာအချိန်တိုင်း မြင့်တက်နေပါတယ်။ အဲ့ဒီ့အတွက် နှလုံးကျန်းမာရေးကောင်းအောင် ဘယ်လိုနေထိုင် သင့်တယ်ဆိုတာနဲ့ ပတ်သက်ပြီးသိထားသင့်တဲ့ အချက်တွေ ရှိနေပါတယ်။

၁။ ကျွန်တော်တို့မှာ နှလုံးရောဂါ ဖြစ်ပွားနိုင်တဲ့ အန္တရာယ် များနေပြီလားဆိုတာကိုဘယ်လိုများသိနိုင်မှာပါလဲဆရာ။

နှလုံးရောဂါ ဖြစ်ပွားနိုင်တဲ့ အလားအလာကိုမြင့်တက်စေတဲ့ အန္တရာယ်ရှိအချက်အလက် အချို့ရှိပါတယ်။ တချို့ ကိုကျန်းမာရေးအခြေအနေတိုးတက်အောင် လုပ်ပေးနိုင်သလိုတချို့ကျတော့ လည်းမရတော့ပါဘူး။အသက်အရွယ်၊ အမျိုးသမီး၊အမျိုးသားနဲ့ မျိုးရိုးလိုက်မှု ပေါ်မှာမူတည်ပြီးတော့ ကျန်းမာရေးအခြေအနေတိုးတက် အောင်လုပ်ပေးလို့မရပါဘူး။ အသက်အရွယ်ရလာတာနဲ့ အမျှ နှလုံးရောဂါ ဖြစ်ပွားနိုင်မှု နှုန်းကလည်း မြင့်တက်လာပါတယ်။ ယေဘုယျအားဖြင့်တော့ အမျိုးသားတွေဟာအမျိုးသမီးတွေထက် နှလုံးရောဂါ ပိုမိုဖြစ်ပွားပါတယ်။ ဒါဟာအမျိုးသမီးတွေ သွေးမဆုံးခင်ထိ နှိုင်းယှဉ်ချက်ပါ။ မျိုးရိုးလိုက်လို့ ဖြစ်လာတဲ့ နှလုံးရောဂါဟာအဆိုးဆုံးပါပဲ။

ဆေးလိပ်သောက်တာ၊စိတ်ဖိစီးမှု များတာ၊ ဆီးချိုသွေးချိုဖြစ်တာ၊ အ၀လွန်တာ၊ အညောင်းထိုင်တာတွေကြောင့် ဖြစ်တဲ့ နှလုံးရောဂါတွေကိုကျတော့ နှလုံးကျန်းမာရေးအခြေအနေတိုးတက်လာအောင် လုပ်ပေးလို့ရပါတယ်။

၂။ ဘာတွေက နှလုံးရောဂါကိုအဓိကဖြစ်စေတာပါလဲဆရာ။

ဆေးလိပ်သောက်တာ၊ စိတ်ဖိစီးမှုများတာ၊ ဆီးချိုရောဂါဖြစ်တာ၊ အ၀လွန်တာ စတာတွေကြောင့် နှလုံးရောဂါဖြစ်လာနိုင်ပါတယ်။ ဒီအချက်တွေထဲကတစ်ခုလောက်ဖြစ်ရင်တောင် နှလုံးရောဂါဖြစ်ပွား နိုင်နှုန်းဟာ ၃ဆကနေ၊ ၅ဆထိ မြင့်တက်လာပါတယ်။ နှစ်ခု၊ သုံးခုလောက် ဖြစ်ရင် တော့ ပိုဆိုးပြီပေါ့။

၃။ အမျိုးသမီးတွေ အနေနဲ့ နှလုံးရောဂါမဖြစ်ဖို့ ကိုယ့်ကိုကိုယ် ဘယ်လိုမျိုးကာကွယ်စောင့်ရှောက်သင့်ပါသလဲဆရာ ။

အဓိကအချက်ကတော့ ကျန်းမာအောင် စားသောက်ဖို့ပါပဲ။ ကျန်းမာအောင် စားသောက် ပါတယ်ဆိုတဲ့ နေရာမှာပြောရတာလွယ်ပေမယ့် ကိုယ်စားသောက်လိုက်တဲ့အရာတွေကကျန်းမာရေးအတွက် သင့်တော် ရဲ့လားဆိုတာကိုတကယ်ပဲ ဝေခွဲရခက်ပါတယ်။ ဟင်းသီးဟင်းရွက် များများစားပေးရင်တော့ ကျန်းမာရေးအတွက် ပိုပြီးသင့်တော်ပါတယ်။ ဟင်းသီးဟင်းရွက် စားတဲ့နေရာမှာလည်းအရောင်အသွေးစုံအောင် စားပေးဖို့ လိုပါတယ်။ ငါးစားရင်လည်းကောင်းပါတယ်။ အရန်သင့် အစားအစာတေရှောင်ပါ။ သကြားနဲ့ဆားကိုများများမစားပါနဲ့။                

Ref:herworldplus

35 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.