One Direction

one_direction.jpg

One Direction

One Direction အဖွဲ့ဟာအင်္ဂလိပ်-အိုင်းရစ်  လန်ဒန် အခြေစိုက် ပေါ့ပ်တေးဂီတအဖွဲ့ဖြစ်ပါတယ်။ အမျိုးသားအဆိုတော်တွေဖြစ်ကြတဲ့ Niall Horan, Zayn Malik, Liam Payne, Harry Styles နဲ့ Louis Tomlinson တို့နဲ့ ဖွဲ့စည်းထားပါတယ်။ ၂၀၁၀ခုနှစ်မှာကျင်းပခဲ့တဲ့ The X Factor ဆိုတဲ့ ဗြိတိန် ရုပ်သံလွှင့် တေးဆိုပြိုင်ပွဲကြီးမှာ One Direction အဖွဲ့ဟာတတိယနေရာရခဲ့ပါတယ်။ အဲ့ဒီ့နောက်မှာ Simon Cowell ပိုင် Syco Records တေးထုတ်လုပ်ရေးနဲ့ One Direction အဖွဲ့ဟာစာချုပ်ချုပ်ဆိုခဲ့ ကြပါတယ်။  One Direction အဖွဲ့ရဲ့ ၂၀၁၁ ခုနှစ်ထုတ် Up All Night နဲ့ ၂၀၁၂ခုနှစ်ထုတ် Take Me Home အယ်လ်ဘမ်နှစ်ခုဟာလူမှုကွန်ယက် မီဒီယာတွေရဲ့ အစွမ်းနဲ့ နိုင်ငံတကာအဆင့် အောင်မြင်မှု ရရှိခဲ့ပါတယ်။ One Direction အဖွဲ့ရဲ့ အယ်လ်ဘမ်တွေဟာအဓိကဈေးကွက်ကြီးတွေမှာထိပ်ဆုံးရောက်ခဲ့ပြီးလုံးချင်းတွေဖြစ်တဲ့ What Makes You Beautiful နဲ့ Live While We’re Young တို့ဟာလည်းအတော်လေးပေါက်ခဲ့ ပါတယ်။

One Direction အဖွဲ့ဟာလုံးချင်း ၁၉ သန်းနဲ့ အယ်လ်ဘမ် ၁၀သန်း ရောင်းချနိုင်ခဲ့ပါတယ်။ ဗြိတိန် ပေါ့ပ် တေးဂီတဆုတွေနဲ့ MTV ဆုတွေကိုလည်းရရှိခဲ့ပါတယ်။ ဗြိတိန်အခြေစိုက် Sony Music Entertainment ကုမ္ပဏီဥက္ကဋ္ဌ Nick Gatfieldရဲ့ပြောပြချက်အရ ၂၀၁၂ခုနှစ် ဇွန်လမှာ One Direction အဖွဲ့ဟာကန်ဒေါ်လာ သန်း၅၀ အထိအောင်မြင်မှုရရှိခဲ့တယ်လို့ သိရပါတယ်။ သူတို့အဖွဲ့ဟာ ၂၀၁၂ခုနှစ်မှာBillboardရဲ့ ထိပ်ဆုံးကမျက်နှာသစ် တေးသံရှင်တွေ အဖြစ် ကြေညာခြင်းခံခဲ့ရပါတယ်။

One Direction အဖွဲ့ရဲ့ ပရိသတ်တွေအနေနဲ့  သွားရောက် အားပေးချင်တယ်ဆိုရင်တော့ www.onedirectionmusic.comမှာ comment တွေ ၀င်ရောက်ရေးသားနိုင်ပါတယ်။

Wikipedia

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.