ယနေ့ည(၁၂)နာရီတိတိတွင် ဘွန်ဒက်စ်လီဂါပွဲစဉ်(၁၃)အဖြစ် အမှတ်ပေးဇယား ဒုတိယနေရာမှ ဒေါ့မွန်နှင့် ဇ ယားထိပ်ဆုံးမှ ဘိုင်ယန်မြူးနစ်တို့တွေ့ဆုံကြတော့မည်ဖြစ်သည်။ ထိုပွဲစဉ်မတိုင်ခင်တွင် နိုင်ငံတကာချစ်ကြည် ရေးခြေစမ်းပွဲများ ကစားသွားခဲ့ကြရာ ဒေါ့မွန်၏အဓိကနောက်ခံလူများဖြစ်ကြသော မတ်ဟမ်မယ်စ်နှင့် မာဆယ် ရှက်မယ်ဇာတို့ဒဏ်ရာများရရှိခဲ့ကြပြီး ဘိုင်ယန်မြူးနစ်နှင့်ပွဲ၌ ပါဝင်နိုင်ကြတော့မည်မဟုတ်ပေ။ ထိုပွဲမှာ ဒေါ့မွန် အတွက် အလွန်အရေကြီးလှပြီး အိမ်ကွင်းတွင် မိမိတို့အထက်(၄)မှတ်အသာဖြင့် ရပ်တည်နေသော ဘိုင်ယန်ကို အနိုင်ကစားနိုင်ပါက (၁)မှတ်သာကွာတော့မည်ဖြစ်သလို ရှုံးနိမ့်ခဲ့လျှင်မူ (၇)မှတ်အထိ ကွာဟသွားတော့မည်ဖြစ် သည်။ ထို့ပွဲနှင့် ပတ်သက်ပြီး သတင်းစားရှင်းလင်းပွဲတစ်ခုပြုလုပ်ခဲ့ရာ ဒေါ့မွန်နည်းပြ ဂျာကင်ကလော့က“ ကျွန် တော့ခေါင်းမှာပေါက်နေတဲ့ အညိုရောင်ဆံပင်တွေရဲ့ (၈၀)ရာခိုင်နှုန်းက ဒီတစ်ပတ်အတွင်းမှ ပေါက်လာတာပါ။ အခြေအနေကမကောင်းပါဘူး။ ခရစ္စမတ်မတိုင်ခင် (၈)ပွဲလောက်လိုအပ်နေသေးချိန်မှာ အဓိကကစားသမား တွေဒဏ်ရာရခဲ့ပါတယ်။ လူစားထိုးနိုင်ဖို့လည်းမရှိပါဘူး။ ဘိုင်ယန်မှာ ရစ်ဘာရီမကစားနိုင်တာကိုပြောနေကြပေ မယ့် သူတို့ဆီမှာ မာရီယိုဂေါ့ဇီရှိတယ်။ သောမတ်စ်မူလာ၊ ရော်ဘန်၊ မန်ဒူကစ်ဇ်နဲ့ တိုနီကရော့စ်တို့ကလည်းအ သင့်ဝင်ကစားနိုင်တဲ့သူတွေချည်းပါပဲ”ဟု ပြောခဲ့သည်။
ဘိုင်ယန်နှင့်ပွဲအတွက် ဖိအားများသောကြောင့် ယခုရက်ပိုင်းဆံပင်ပိုညိုလာသည်ဟု ဒေါ့မွန်နည်းပြအရွှမ်းဖောက်

Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။