ပန်းကလေးတွေရဲ့ ချစ်စရာကောင်းတဲ့ အရည်အသွေးက ဆင်မြန်းသူကိုပါ သက်ရောက်စေနိုင်တယ်လေ။ ဆံထုံးထုံးပြီးပန်းပန်တာဟာ ယဉ်ပေမယ့် အ၀တ်အစား ရွေးပါတယ်။ ဒီတော့ ပန်းလဲပန်ချင် ၊ ခေတ်လဲဆန်ချင်သူတွေအတွက်တော့ အခုလို ဒီဇိုင်းလေးတွေက အဆင်ပြေမယ်လို့ ထင်ပါတယ်။
(၁) Bee Mine
သူက ဘယ်လိုလုပ်မင်းကို သတိမထားမိဘဲနေနိုင်မှာလဲ ။ ဒီလိုမျိုး စွဲဆောင်အား ကောင်းတဲ့ အ၀ါရောင်ချယ်ရီပန်းတွေ မင်းဦးခေါင်းတစ်လျှောက် ပြန့်ကျဲနေမှတော့ ။ အရမ်းကို တောက်ပတဲ့ အလှပိုင်ရှင်ဖြစ်နေမှာပါပဲ ။
(၂) Blue Ivy
ရူးလောက်အောင်စွဲဆောင်အားကောင်းတဲ့ ဒီ ဘလူးအိုင်ဗီပန်းလေးနဲ့ဆို စိတ်ထဲမှာ စွဲမြဲနေတော့မှာပေါ့။ ပြီးတော့ အနက်ရောင် အစည်းလေးကလဲ ပိုပြီး ခေတ်ဆန်ပါတယ်။
(၃) Pteal Pusher
ပန်းကုံးလေးတွေနဲ့ဆို ပန်းတွေအရမ်းများနေမှာပဲလို့ ခံစားရရင်တော့ မင်းရဲ့ ပိုနီတေးအစီအစဉ်မှာ ဒီလိုတစ်ပွင့်တည်းပါတဲ့ ပန်းလေးနဲ့လဲ အစားထိုးလို့ရပါတယ်။ ဒါကလဲ စတိုင်ကျစေမှာဖြစ်ပြီး အမျိုးသမီးဆန်တဲ့ ရသပေးစွမ်းနိုင်ပါတယ်။
(၄) Violent Femme
နူးညံ့မွှေးပျံ့တဲ့ နွေလယ်ညအိမ်မက် လိုမျိုး စိတ်ကူးယဉ်ဆန်ချင်စရာ ကောင်းပါတယ်။ နဖူးပေါ်မှတင်ပြီးဝတ်ဆင်ရတာမျိုးပါ။ ဆံကျစ်နှစ်ဖက်နဲ့ ယှဉ်တွဲပြီး ဆင်မြန်းနိုင်ပါတယ်။
Ref:cosmopolitan