လူကြားထဲ လိင်အင်္ဂါထောင်မတ်နေမှု ဘယ်လို ဖုံးမလဲ

08-1473307863-erection4.jpg

လိင်အင်္ဂါတင်းမာထောင်မတ်တာ ကောင်းတဲ့အချက်ဆိုပေမယ့် မလိုအပ်တဲ့အချိန်မှာတော့ နှစ်လိုဖွယ်မရှိပါဘူး။ ဥပမာ – အပြင်ရောက်နေရင် မိမိဘောင်းဘီ တင်းကျပ်ပြီး ဖောင်းနေတာ သင် လိုလားမှာမဟုတ်ပါဘူး။

လုပ်ငန်းခွင် သို့မဟုတ် ကျောင်းမှာ တစ်စုံတစ်ဦး စကားလာပြောလို့ ဘောင်းဘီဖုဖောင်းနေရင် အကျပ်ရိုက်ပါလိမ့်မယ်။

ယေဘုယျအနေနဲ့ ဆယ်ကျော်သက်အများစုဟာ ကျောင်း သို့မဟုတ် ကောလိပ်မှာ လိင်အင်္ဂါထောင်မတ်ခြင်းက မိမိကိုယ်မိမိ ယုံကြည်မှု လျှော့နည်းစေကြောင်း ညည်းညူကြပါတယ်။

၁။ စားပွဲနား ထိုင်ခုံတစ်ခုခုမှာ ထိုင်နေပါက စားပွဲကို မိမိနား ဆွဲပြီး စားပွဲအောက်မှာ ဖုံးကွယ်ပါ။ ဒါက သင့်ရဲ့ ကသိကအောက်ဖြစ်စရာ လိင်အင်္ဂါထောင်မတ်မှုကို ဖုံးကွယ်ပေးပါလိမ့်မယ်။

၂။ ထိုင်နေတဲ့ အနေအထားဆိုပါက ခြေချိတ်ထိုင်ပါ။ ဒီနည်းက ဖုံးကာပေးပါလိမ့်မယ်။

၃။ ပေါင်မှာ မဂ္ဂဇင်းစာအုပ် သို့မဟုတ် သသင်းစာတစ်ခုခု တင်ပြီး သဲကြီးမဲကြီးဖတ်နေသလို နေပါ။ ဟန်မဆောင်တတ်ဘူးဆိုရင်လည်း မဂ္ဂဇင်းစာအုပ်ကို ဒီတိုင်းလေးသာ တင်ထားပါ။

၎။ ခါးနာ သလိုလိုဟန်ဟောင်ပြီး ဖုဖောင်းနေတာ ဖုံးသွားအောင် ဘောင်းဘီထဲ ထိုးသွင်းထားတဲ့ အင်္ကျိကို ဆွဲထုတ်ပါ။

၅။ လက်ကို အိတ်ကပ်ထဲ ထိုးထည့်ပြီး တစ်ခုခု အသဲအသန် ရှာနေသလို ဟန်ဆောင်ပြုမူပါ။ ဖုဖောင်းနေတာတွေ ဖုံးအုပ်ပေးပါလိမ့်မယ်။

၆။ အပေါ့သွားချင်ရင် သွားလိုက်ပါ။ သက်သာစေပါလိမ့်မယ်။ တခါတရံ ဆီးအိတ်ပြည့်နေခြင်းကတောင် တင်းမာမှု ဖြစ်စေတတ်ပါတယ်။

Ref: boldsky 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.