ဒီခေါင်းစဉ်ပေါ်က အကြောင်းအရာကို တကယ်လိုချင်ရင်တော့ လိုအပ်တဲ့အချက် (၉)ချက်ရှိပါတယ်။
(၁) ကိုယ့်လိုလူမျိုး ကမ္ဘာပေါ်မှာ ကိုယ်တစ်ဦးတည်းရှိတာ သတိရပေးပါ။
(ဆိုလိုတာက ကိုယ်နဲ့တူသော အခြားတစ်ယောက်ဆိုတာ မရှိပါဘူး)
(၂) ငယ်ရွယ်မှုကို တန်ဖိုးထားပါ။
(၃) မိမိ ခန္ဓာကိုယ်နဲ့ လိုက်ဖက်တဲ့ အ၀တ်အစားကို ၀တ်ဆင်ပါ။
(၄) ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်ပါ။
(၅) ကိုယ့်ကို ယုံကြည်မှုပျောက်ဆုံးအောင် နှိမ့်ချဆက်ဆံနေသူတွေကို ရှောင်ကျဉ်ပါ။
(၆) ရယ်မောပါ။ ပျော်ပျော်ရွှင်ရွှင်နေပါ။
(၇) ကိုယ့်ခန္ဓာကိုယ်ပေါ်က ကိုယ်နှစ်သက်တဲ့အရာတွေကို ဂရုတစိုက် အာရုံထားပါ။
(၈) ချစ်ရတဲ့ သူငယ်ချင်းတွေနဲ့ သူ့အမြင် ကိုယ့်အမြင် ဖလှယ်ပါ။
(၉) လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။
ကဲ … ဒီအချက်တွေကို ဂရုတစိုက် လုပ်ကြည့်မယ်ဆိုရင် သင့်ကိုယ်သင် ယုံကြည်မှုမရှိနိုင်စရာ ဘာအကြောင်းမှ မရှိပါဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိမှ ကျန်တဲ့အရာတွေကို အောင်မြင်စွာ ကျော်လွှားနိုင်မှာပါ။ ဒီအချက်တွေ အားလုံး လုပ်မိဖို့တော့ လိုမယ်နော်။
Ref:seventeen