အမျိုးသမီးတွေကို မုဒိမ်းမှုရန်မှ ကာကွယ်ပေးမယ့် ကိုယ်နဲ့မကွာ ဆာင်ထားသင့်တဲ့ပစ္စည်းများ

db913e1007543.5600c1f92895d.jpg

ယနေ့ခေတ်မှာ အမျိုးသမီးတွေအနေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အန္တရာယ်ပေါင်းများစွာရှိပါတယ်။ အဲ့ဒီအထဲကမှ အမျိုးသမီးတွေအနေနဲ့ သွားတဲ့လာတဲ့နေရာမှာ သတိထားရတဲ့အရာကတော့ မုဒိမ်းကောင်တွေရဲ့ ရန်ပါ။ ဒါကို ကမ္ဘာတစ်ဝှမ်းက ဆန်းသစ်တီထွင်သူတွေဟာ ကိုယ်ထိလက်ရောက်စော်ကားမှု အန္တရာယ်ကို ကောင်းမွန်ထိရောက်စွာ ကာကွယ်ပေးမယ့် မုဒိမ်းမှုကာကွယ် ပစ္စည်းကိရိယာတွေ အကြံရရှိခဲ့ကြပါတယ်။

၁။ Femdefence tampon

ဒီထိတ်လန့်ဖွယ်ကိရိယာက ဆွီဒင်နိုင်ငံမှာ ပြုလုပ်ပြီး tampon (မီးယပ်လာချိန်မှာ ထည့်ရန်အတောင့်) ကဲ့သို့ အမျိုးသမီးလိင်အင်္ဂါထဲ ထည့်ထားနိုင်ပါတယ်။ ဒီကိရိယာရဲ့ တစ်ဖက်အစွန်းမှာ အမျိုးသားလိင်အင်္ဂါကို ထိုးဖောက်နိုင်တဲ့ ငုတ်ချွန်လေးတစ်ခု ပါရှိပါတယ်။ ဒါပေမယ့် တပ်ဆင်ထားသူ အန္တရာယ်မဖြစ်အောင် တီထွင်ဖန်တီးထားပါတယ်။

၂။ Rape axe condom

ဒီကွန်ဒုံးက မိန်းကလေးတွေ တပ်ဆင်ရမှာ ဖြစ်ပြီး မုဒိမ်းကောင်ရဲ့ လိင်တံကို ထိုးဖောက်အောင် ချွန်ထက်တဲ့ အစွယ်သွားတွေ စနစ်တကျ စီရီထည့်သွင်းထားပါတယ်။

၃။ Anti-rape panties

ဒီဘောင်းဘီဟာ သာမာန်ဘောင်းဘီနဲ့ ခပ်ဆင်ဆင်ဖြစ်ပေမယ့် တောင်တောင် ပေါက်ပြဲ၊ ကွဲပြဲ၊ ဆွဲချွတ်ဖို့ ခက်ခဲတဲ့ ပစ္စည်းတွေနဲ့ ပြုလုပ်ထားပါတယ်။ ခါး၊ ပေါင်နဲ့ ဘောင်းဘီရဲ့ ခလယ်နေရာကို သူစိမ်းတစ်ယောက်ကနေ အလွယ်တကူ ဆွဲချွတ်မရတဲ့ အသားမျိုးဖြင့် အထူးပြုလုပ်ထားပါတယ်။

၎။ Anti-rape buckle

ဒီခါးပတ်ခေါင်းမှာ ဖွင့်ရခက်တဲ့ သော့တစ်ခုပါရှိပြီး မုဒိမ်းကောင်ရဲ့ ရန်မှ ခုခံကာကွယ်နိုင်ပါတယ်။ 

Ref:thehealthstie

215 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.