Aries (မိဿ ) ရာသီဖွားတွေရဲ့ ချစ်ရေးချစ်ရာ တစ်လစာ

5d429b00-16e7-0134-3616-0aacbc4f5d01.jpg
ပျိုပျိုအိုအိုယောက်ျားမိန်းမအားလုံးထိတွေ့ဖူး၊ ထိတွေ့ဆဲ၊ ထိတွေ့ရမယ့် အချစ်ရေးအတွက် ရာသီခွင်တစ်ခုချင်းစီအလိုက် ကြုံတွေ့ရမယ့် အခြေအနေတွေကို အနောက်တိုင်းနက္ခတ်ဗေဒပညာရှင် Ellen Whitehurst က ဂြိုလ်နက္ခတ်တွေရဲ့ တည်နေရာ အနေအထားအလိုက် တစ်လစာဟောကိန်းတွေကိုဖော်ပြပေးချင်ပါတယ်။ 
 
မိဿ        ရာသီဖွား (မတ်လ ၂၁ ရက်မှ ဧပြီ ၁၉ ရက်နေ့အတွင်းမွေးဖွားသူများ)
 
စက်တင်ဘာလရဲ့ ပထမ ၁၀ ရက်အတွင်းမှာ ချစ်စရာကောင်းပြီးဆွဲဆောင်မှုရှိတဲ့သူတစ်ယောက်နဲ့ တွေ့ပြီး စိတ်ကျေနပ်မှု ရလိမ့်မယ်။ ချစ်သူရှိပြီးသားလူတွေအတွက် စိတ်အခန့်မသင့်ဖြစ်စရာတွေ ခဏခဏ ကြုံရတတ်သလို စိတ်တွေကအလိုအလို ကြွပ်ဆတ်ပြီး ပြဿနာတွေဖြစ်တတ်တယ်။
 
ကိုယ့်ရဲ့အရင်းနှီးဆုံးသူတစ်ယောက်က ကိုယ့်ကို လှည့်စားဖို့ကြိုးစားတယ်လို့ နိမိတ်ပြရုံနဲ့တင် လုံးဝသည်းမခံနိုင်ဖြစ်မယ်။ ပြဿနာသေးသေးလေးကနေ ပြတ်ဖို့စဲဖို့အထိ ဖြစ်သွားနိုင်တဲ့အတွက် သတိထားဖို့လိုပါတယ်။ ၂၀ ရက် ပတ်ဝန်းကျင်မှာတော့ ကိုယ့်ရဲ့ ဒေါသတွေ၊ အပြောအဆိုတွေကို ထိန်းနိုင်မယ်ဆိုရင် ပိုပြီးပျော်စရာကောင်းတဲ့ အချစ်ရေးတစ်ခုကိုရလိမ့်မယ်။ စောင့်ရကျိုးနပ်တဲ့ အချစ်ရေးဖြစ်ပါတယ်။ ဒီလအဆုံးပိုင်းကတော့ မိဿရာသီဖွားတွေအတွက် ပျော်ပွဲရွှင်ပွဲတွေ စောင့်ကြိုနေမယ့်အချိန်ပဲ ဖြစ်ပါတယ်။
 
Ref:yourtango
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.