Faroe ကျွန်းစု Google Street View မြေပုံတွေ ရယူရန် သိုးတွေကို အသုံးချတဲ့ အမျိုးသမီး

woman-uses-sheep-to-bring-google-street-view-to-faroe-islands.jpg

Faroe Islands ကျွန်းစုက အမျိုးသမီးတစ်ဦးဟာ သိုးတွေမှာ ကင်မရာချည်နှောင်တပ်ဆင်ပြီးနောက် Google ကို ယင်းဒေသ Street View ပုံရိပ်တွေ ရယူဖို့ အားပေးကူညီခဲ့ပါတယ်။

ဂူဂဲလ်ဘလော့ဂ်ပို့စ်တစ်ခုအရ Durita Andreassen ဟာ အဲဒီဒေသအကြောင်း ဗီဒီယိုမှတ်တမ်းတိုလေး ရိုက်ကူးရန် ကျွန်း ၁၈ ကျွန်းမှာ အခြေချနေထိုင်ကျက်စားတဲ့ သိုး ၇၀,၀၀၀ ကို နေစွမ်းအင်သုံးကင်မရာတွေ တပ်ဆင်ပြီး အကျိုးရှိရှိ အသုံးချခဲ့ပါတယ်။

ယခုအခါ Faroe ကျွန်းစုမှာ ခြေကျင်ခရီးသည်တစ်ဦးနဲ့ ကင်မရာ အလုံး ၃၆၀ တပ်ဆင်အသုံးပြုထားပြီး ဒေသခံတွေနဲ့ ကမ္ဘာလှည့်ခရီးသည်တွေဟာ ရှဲလ်ဖီတုတ်၊ စက်ဘီး၊ ကျောပိုးအိတ်၊ ကား၊ ကယပ်လှေ၊ မြင်း၊ လှေနဲ့ တစ်ဘီးလက်တွန်းလှည်းတွေကို အသုံးပြုပြီး လှပတဲ့ ကျွန်းတွေရဲ့ Street View ပုံရိပ်တွေကို မှတ်တမ်းတင် ရိုက်ယူနိုင်ပါတယ်။ 

Ref: upi 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.