၂၀၁၆ခုနှစ်အတွင်း ထွက်ရှိမယ့် ထိတ်လန့်ခြောက်ခြားဖွယ် ဇာတ်ကားများ

screen-shot-2016-03-15-at-12.08.47-pm.jpg

ဇာတ်ကားအမျိုးအစားပေါင်းများစွာထဲကမှ လူကိုစိတ်ခြောက်ခြားစေတဲ့ ဇာတ်ကားမျိုးတွေ နှစ်ခြိုက်တဲ့သူတွေအတွက် ၂၀၁၆ခုနှစ်အတွင်း ထွက်ရှိမယ့် ထိတ်လန့်သွေးပျက်ဖွယ်ရာဇာတ်ကားတွေကို ပြောပြပေးလိုက်ရပါတယ်။ တစ်ချို့က ထွက်ရှိပြီး ဖြစ်သလို တစ်ချို့ကတော့ စောင့်ကြည့်ရမယ့် ဇာတ်ကားတွေပါ။ ကဲ ဇာတ်ကားစားရင်းလေး ကြည့်လိုက်ကြရအောင်။

၁။ The Purge : Election Year 

The Purge ဇာတ်ကားဟောင်းကို သဘောကျတယ်ဆိုရင် သင်ဟာ ဒီနှစ်မှာ ထပ်မံထွက်ရှိခဲ့တဲ့ The Purge : Election Year ကိုလည်း သဘောကျပါလိမ့်မယ်။ နိုင်ငံက တရားဝင်ခွင်ပြုထားတဲ့ လူသတ်နိုင်တဲ့နေ့တစ်နေ့မှာ အားလုံး လုပ်ဆောင်နိုင်တဲ့ ညတစ်ညမှာ ဘယ်သူတွေက ဘယ်လိုတွေ ရက်စက်စွာ လုပ်ဆောင်သွားကြသလဲဆိုတာကို ရိုက်ပြထားတဲ့ ဇာတ်ကားပါ။ နိုင်ငံရေးနဲ့နွယ်ပြီး ကြမ်းကြုတ်ရက်စက်တဲ့ ဇာတ်ဝင်ခန်းတွေကိုပါ ကြည့်ရှုရမှာပါ။ ဒီဇာတ်ကားကတော့ ဇူလိုင် (၁)ရက်နေ့မှာ ထွက်ရှိခဲ့ပြီးပါပြီ။ 

၂။ Lights Out 

အမျိုးသမီးတစ်ဦးဟာ သူမကို တစ်ချိန်က ခြောက်လှန့်ခဲ့ဖူးတဲ့ ၀ိဥာဉ်ကို ပြန်လည်ရှာဖွေဖို့ အိမ်ကို ပြန်လာတဲ့အခါ အဲ့ဒီဝိဥာဉ်ဟာ ခုချိန်မှာ သူမရဲ့ မောင်လေးကို ခြောက်လှန့်နေခဲ့ပါပြီ။ မီးတွေမှိတ်လိုက်ပြီဆိုတာနဲ့ ပေါ်လာပြီး ခြောက်လှန်တဲ့ အဲ့ဒီ ၀ိဥာဉ်နဲ့ ဘယ်လိုနှစ်ပါးသွားတယ်ဆိုတာ ဖန်သားပြင်မှာ ဆက်ကြည့်လိုက်ပါ။ ဒီဇာတ်ကားကလည်း ဇူလိုင် (၂၂) မှာ ထွက်ရှိပြီးသားပါ။

၃။ Don't Breathe

သူငယ်ချင်းတစ်စုဟာ အသက်ခပ်ကြီးကြီး မျက်မမြင် လူတစ်ယောက်ကို ဓားပြတိုက်ဖို့ ကြိုးစားရာကနေ အဲ့ဒီလူဟာ တကယ့်ကို ရက်စက်ကြမ်းကြုတ်တဲ့လူတစ်ယောက်ဖြစ်နေတာကို သူတို့သိလိုက်ရတဲ့ ဇာတ်ကားပါ။ သြဂုတ် (၂၆)ရက်နေ့က ထွက်ရှိထားပါတယ်။

၎။ The Woods 

သူငယ်ချင်းတွေစုပြီး တောထဲမှာ camping လုပ်ဖို့ သွားရာကနေ အဲ့ဒီတောထဲမှာ သူတို့ချည်းပဲ မဟုတ်တော့ဘူးဆိုတာ သိသွားခဲ့ရတဲ့အကြောင်းပါ။ ဒါကတော့ စက်တင်ဘာ ၁၆မှာ ထွက်မှာဖြစ်ပါတယ်။

၅။ 31

ကြောက်ရွံ့စရာကောင်းတဲ့ လူပြက်အဖွဲ့ ဂိုဏ်းတစ်ခုကနေ Halloween ညမှာ အလုပ်သမား ၅ယောက်ကို ပြန်ပေးဆွဲခဲ့ကြပါတယ်။ အလုပ်သမားတွေကို ဂိမ်းတစ်ခုဆော့ခိုင်းပြီး ဒီဂိမ်းဟာ ၁၂နာရီကြာမှာဖြစ်ပါတယ်။ ဂိမ်းအတွက် ချမှတ်ထားတဲ့ စည်းမျဉ်းကတော့ တစ်ခုတည်းပါပဲ။ ဒီကားကလည်း စက်တင်ဘာ ၁၆ရက်နေ့ ထွက်ရှိမှာပါ။

၆။ Ouija

၂၀၁၄ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Ouija ဇာတ်ကားရဲ့ နောက်ဆက်တွဲလို့ပြောရမယ့် ဒီကားကတော့ ၁၉၆၀ တုန်းက မိသားစုတစ်စုဟာ မကောင်းဆိုးဝါးတွေရဲ့ အာရုံစူးစိုက်မှုကို ရရှိသွားခဲ့ပုံကို ရိုက်ကူးထားတာပါ။ အဓိကကတော့ အဲ့ဒီမိသားစုဝင်ထဲက အငယ်ဆုံးသမီးလေးဟာ Ouija ဘုတ်နဲ့ပတ်သက်ပြီး အမှားတစ်ခုကို လုပ်ဆောင်ရာက စတင်ခဲ့တာပါပဲ။ ဒီဇာတ်ကားက အောက်တိုဘာ ၂၁ မှာထွက်ရှိမှာ ဖြစ်ပါတယ်။

၇။ The Bye Bye Man

အိမ်ဟောင်းကြီးတစ်လုံးကို ရွှေ့ပြောင်းပြီးတဲ့နောက်မှာပဲ ကောလိပ်ကျောင်းသား၊ကျောင်းသူ သုံးဦးဟာ ကြောက်စရာအဖြစ်အပျက်တွေနဲ့ ရင်ဆိုင်ခဲ့ရတာကို ရိုက်ကူးပြထားတာပါ။ ဒီဇာတ်ကားကတော့ ဒီဇင်ဘာ ၉ရက်နေ့မှ ထွက်မှာပါ။

Ref:popsugar

 

 

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.