ဆံပင်တိုတို ညှပ်ထားတဲ့ သူတွေ နဲ့ ညှပ်ဖို့ စဉ်းစားနေသူတွေ မဖြစ်မနေ သိထားရမယ့် အချက်

shorthair2.jpg

ဆံပင်တိုနဲ့လှနေကြတဲ့ အမျိုးသမီးတွေဟာ အမျိုးသမီးအများစုရဲ့ အားကျခြင်းကို ခံကြရပါတယ်။ ပေါ့ပါးပြီး လွတ်လပ်နေတဲ့ အသွင်အပြင်လည်း ဆောင်သလို ခေတ်နဲ့အညီ သွားနိုင်တဲ့သဘောလည်း ရောက်တာကြောင့်ပါ။ ဒါ့အပြင် ဆံပင်တိုဆိုတော့ ခေါင်းလျှော်တဲ့အခါမှာလည်း အဆင်ပြေတယ်။ ဒါပေမယ့် ဆံပင်တိုညှပ်ထားတဲ့သူတွေဟာ သူ့ဆံပင်ကို စတိုင်ကျကျဖြစ်စေဖို့ကတော့ အခြားဆံပင်ပုံစံတွေထက် ပိုဂရုစိုက်ပေးရပါတယ်။ ဆံပင်တိုတိုညှပ်ထားသူတွေ အနေနဲ့ ဆံပင်ကို အမြဲတမ်း စတိုင်လ်ကျပြီး လှပနေစေဖို့ လုပ်ဆောင်ပေးရမယ့် အရာရှိနေပါတယ်။ 

အဲ့ဒါကတော့ ဆံပင်နည်းနည်းရှည်လာတာနဲ့ ဘယ်လိုညှပ်မယ်ဆိုတာမျိုးကို အစီအစဉ်ဆွဲထားဖို့ပါပဲ။ ဆံပင်တိုညှပ်လိုက်ပြီဆိုတာနဲ့ သတိထားရမှာက ဆံပင်နည်းနည်းလေးရှည်လာတာနဲ့ကို သိသာတယ်ဆိုတာပါ။ ဆံပင်ရှည်တွေက မသိသာသလောက် ဆံပင်တိုတွေက ပိုသိသာပါတယ်။ ကိုယ့်ဆံပင် ဘယ်လောက်တိုတိုညှပ်ထားသလဲဆိုတာပေါ် မူတည်ပြီး သင်ဟာ ဆံပင်ညှပ်ဆရာဆီကို လေးပတ်ကနေ ခြောက်ပတ်အတွင်း ထပ်သွားရပါလိမ့်မယ်။ ဆံပင်ရှည်တဲ့သူတွေက သုံးလလောက်နေလည်း ဆံပင်ပုံစံ သိသာစွာ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ ဆံပင်တိုတိုညှပ်ထားတဲ့သူတွေကတော့ ဒီအချက်မှာ သိသာနိုင်တဲ့အပြင် ခုနပြောသလို မညှပ်ဘူးဆိုရင် ကြည့်ရတာ ပုံမကျ ပန်းမကျ ထပ်ဖြစ်လာမှာပါ။ ဒီတော့ ဆံပင်တိုညှပ်ပြီးဆိုရင် ခြောက်ပတ်ကနေ လေးပတ်အတွင်း အဲ့ဒီဆံပင်ညှပ်ဆိုင်ကို ကိုယ့်ဆံပင်ပုံစံ အမြဲစတိုင်လ်ကျနေဖို့ ထပ်သွားရပါလိမ့်မယ်။ 

နောက်တစ်ချက်ကတော့ ဆံပင်တိုညှပ်ပြီဆိုရင် ကိုယ့်မျက်နှာအပြင်အဆင်တွေ ၊ ဖက်ရှင်စတိုင်လ်တွေကိုလည်း အနည်းနဲ့အများ ပြောင်းလဲပစ်ဖို့ လိုပါလိမ့်မယ်။

Ref:shefinds

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.