Instagram မှာ zoom ချုံ့ချဲ့ လုပ်နိုင်ပြီ

instagram-pinching.jpg

ကမ္ဘာတစ်ဝှမ်း လူမှုမီဒီယာ စွဲစွဲမြဲမြဲသုံးစွဲသူအတွက် ဝမ်းသာစရာသတင်းပါပဲ။ Instagram မှ ၄င်းရဲ့ ပလက်ဖောင်းစာမျက်နှာမှာ ချုံ့ချဲ့ပြုနိုင်တဲ့ လုပ်ဆောင်ချက်ကို ယခုပဲ စီစဉ်ဆောင်ရွက်ပေးလိုက်ပြီလို့ မကြာသေးမီက ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ ယခင်နဲ့မတူဘဲ zoom ချဲ့ဖို့ ကြိုးစားရာက မတန်တဆ like ပေးမိတာတွေ ချုပ်ငြိမ်းတဲ့ သဘောဖြစ်ပါတယ်။ အခုအခါမှာ Instagram လူမှုမီဒီယာပလက်ဖောင်းပေါ် ကြိုက်ရာ ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုတွေကို မတော်တဆမှုမရှိဘဲ မိမိစိတ်ဆုံးဖြတ်ချက်နဲ့ စိတ်ချလက်ချ စစ်ဆေး like ပေးနိုင်မှာ ဖြစ်ပါတယ်။

ဒီ zoom က ယခုဆန်းသစ်တီထွင်မှု မတိုင်မီ Instagram မှာ လူအများစု သတိတကြီးနဲ့ လုပ်ဆောင်ရတဲ့ sans screenshot ကို အဆင်ပြေစေပါတယ်။ လုပ်ဆောင်ရမယ့်အရာက လက်ချောင်းနှစ်ချောင်း အသုံးပြုပြီး ဘယ်ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုမဆို zoom ဆွဲရန် screen ကို ဖိလိုက်ရုံပါပဲ။ ဒီ feature က ယခုလက်ရှိအချိန်မှာ iOS မှာသာ ရရှိနိုင်ပေမယ့် android update လည်း ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။

Ref: TIME 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.