ဖေ့စ်ဘုတ်က မီဒီယာကုမ္ပဏီတစ်ခု ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဟု မတ်ခ်ဇူကာဘတ်ဆို

mark_zuckerberg_facebook_gesturing.jpg

ဖေ့စ်ဘုတ်က ကမ္ဘာ့မီဒီယာအမြောက်အများကို ထိန်းချုပ်ကောင်း ထိန်းချုပ်ပါလိမ့်မယ်။ ဒါပေမယ့် ဖေ့စ်ဘုတ်ဟာ မီဒီယာကုမ္ပဏီတစ်ခု မဟုတ်ပါဘူး၊ ဘယ်တော့မှ ဖြစ်လာမှာလဲမဟုတ်ဘူးလို့ မတ်ဇူကာဘတ်က ပြောဆိုခဲ့ပါတယ်။

"ကျွန်တော်တို့က နည်းပညာကုမ္ပဏီ၊ မီဒီယာကုမ္ပဏီမဟုတ်ဘူး" လို့ မတ်ဇူကာဘတ်က အီတလီနိုင်ငံက တက္ကသိုလ်ကျောင်းသား/သူတွေကို သတင်းဌာနဖြစ်လာရန် အစီအစဉ်ရှိမရှိ မေးမြန်းခံရပြီးနောက် ပြောဆိုခဲ့ပါတယ်။ "ကျွန်တော်တို့ tool တွေပဲ ပြုလုပ်တာပါ။ ဘယ်သတင်းအကြောင်းအရာမှ မထုတ်ဘူး လို့ ရောမမြို့ Libera Universita Internazionale degli Studi Sociali မှာ အသေးစိတ်ရှင်းလင်း ပြောကြားခဲ့ကြောင်း AP သတင်းအရ သိရပါတယ်။

မတ်ဇူကာဘတ်ရဲ့ အဆိုပါပြောဆိုချက်က "ယနေ့ခေတ်မှာ မီဒီယာကုမ္ပဏီစစ်စစ်တွေဆိုတာ ဘယ်လိုမျိုးလဲ" မေးခွန်းထုတ်စရာ ဖြစ်စေခဲ့ပါတယ်။ ဖေ့စ်ဘုတ်က ကိုယ်ပိုင် content တွေ မလုပ်ပေမယ့် တခြားမီဒီယာအဖွဲ့အစည်းတွေနဲ့ သိပ်မကွာခြားလှတဲ့ အရာများစွာ လုပ်ပါတယ်။

ဥပမာ – ဆောင်းပါးတိုလေးတွေ၊ ဖေ့စ်ဘုတ်ဗီဒီယိုတွေနဲ့ content ဖြန့်ဝေမှုလုပ်ငန်းများစွာရှိပါတယ်။ ဒီဆိုရှယ်နက်ဝက်ခ်မှာ မီဒီယာကုမ္ပဏီ ၁၄၀ နားပါးနဲ့ အခကြေးပေး ဆယ်လီဖေ့စ်ဘုတ်စာမျက်နှာနဲ့ လက်တွဲဆောက်ရွက်မှုတွေ ရှိနေပါတယ်။ နောက် ရုပ်မြင်သံကြားကုမ္ပဏီတွေနဲ့ National Football League လို အားကစား အသင်းအဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ကိုင်လျက်ရှိပါတယ်။ 

Ref: qz 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.