အိန္ဒိယစုံတွဲနှစ်ယောက် Everest တောင် တက်ရောက်နိုင်ခဲ့ကြောင်း လိမ်ညာပြောဆိုပြီးနောက် တောင်တက်ခွင့် ၁၀ နှစ် ပိတ်ပင်ခံရ

ap_16186542671981.jpg

Dinesh နဲ့ Tarakeshwari Rathod တို့ တောင်ထိပ်မှာ ရိုက်ထားတဲ့ပုံတွေဟာ မဟုတ်မမှန်ဘူးလို့ တောင်တက်သမားတချို့က ထောက်ပြခဲ့ကြပါတယ်။ ဒီအိန္ဒိယစုံတွဲနှစ်ဦးဟာ ဧဝရတ်တောင်ထိပ်ထိ အောင်မြင်စွာ တက်နိုင်ခဲ့ကြောင်း ကြေငြာပြီးနောက် နီပေါနိုင်ငံက ယင်းစုံတွဲကို တောင်တက်ခွင့် ၁၀ နှစ်ပိတ်ပင်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ သူတို့ကို တောင်ထိပ်ပေါ် ရောက်ရှိခဲ့ကြောင်း ရှဲထားတဲ့ ဓာတ်ပုံတွေ မမှန်ဘူးလို့ စုံစမ်းစစ်ဆေးမှုတစ်ခုက ဖွင့်ချခဲ့ပါတယ်။

နီပေါနိုင်ငံ ခရီးသွားလုပ်ငန်းဘုတ်အဖွဲ့ကလည်း Dinesh နဲ့ Tarakehswari Rathod ကို မေလ ၂၃ ရက်နေ့မှာ Everest တောင်ထိပ်ထိ အောင်မြင်စွာတက်နိုင်ခဲ့ခြင်းအတွက် ဂုဏ်ပြုလက်မှတ် ပေးအပ်ခဲ့တယ်လို့ Kathmandu Post က ဖော်ပြခဲ့ပါတယ်။

သူတို့နှစ်ဦးစလုံးဟာ အိန္ဒိယနိုင်ငံမြောက်ပိုင်း Pune မြို့က ရဲတွေဖြစ်ပြီး ကမ္ဘာ့အမြင့်ဆုံးတောင်ကို အတူတက်တဲ့ ပထမဦးဆုံး အိန္ဒိယစုံတွဲအဖြစ် သတင်းခေါင်းကြီးပိုင်း ဖြစ်သွားခဲ့ပါတယ်။ ဒါပေမယ့် တခြားတောင်တက်သမားအချို့က တောင်ထိပ်ပေါ်သူတို့ပုံအဖြစ် တင်ထားတဲ့ ဓာတ်ပုံတွေ မဟုတ်မမှန်ဘူးလို့ စွပ်စွဲခဲ့ပြီး Satyarup Sidhanta အမည်ရ Bangalore နိုင်ငံက အိန္ဒိယတောင်တက်သမားတစ်ဦးကလည်း မူရင်းဓာတ်ပုံတွေဟာ မိမိဟာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

Rathod တို့ရဲ့ ခရီးစဉ်ကို စီစဉ်တဲ့ ကုမ္ပဏီအကြီးအကဲက သူတို့တက်နိုင်ခဲ့တာ အစစ်အမှန်ဖြစ်ကြောင်း၊ ဒီလိုတားဆီးပိတ်ပင်မှု ပြုလုပ်ခဲ့တာ နိုင်ငံရေးကစားတာလို့ ပြောဆိုခဲ့ပါတယ်။ 

Ref: TIME 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.