ခွေးတွေဟာ လူတွေပြောနေတဲ့အရာကို အတိအကျနားလည်ဟု သိပ္ပံနည်းကျလေ့လာမှုကဆို

courthouse-dogs-calm-witness-victim-ellen-oneill-celeste-walsen-22.jpg

လူတွေဟာ ခွေးတွေနဲ့ စကားပြောတဲ့အခါ ကလေးငယ်တွေကို ပြောဆိုလေ့ရှိတဲ့ ပုံစံမျိုး အသံအနေအထားကို အသုံးပြုကြပါတယ်။ လေ့လာမှုအသစ်အရ ခွေးတွေဟာ သင်ထင်ထားတာထက် ပိုမိုနားလည်သဘောပေါက်ကြတယ်လို့ သိရပါတယ်။

ဟန်ဂါရီနိုင်ငံ Budapest မြို့တော်ရှိ Eotvos Lorand University က လေ့လာမှုတစ်ခုအရ ခွေးတွေဟာ လူတွေ ပြောဆိုတဲ့ ဝေါဟာရနဲ့ အသံအတက်ကျ လေယူလေသိမ်းတွေကို မှတ်မိနိုင်ပါတယ်။ သုံးနှုန်းတဲ့ စကားလုံးတွေနဲ့ ပြောပုံဆိုပုံတွေပေါ် အခြေခံပြီး သူတို့ကို ပြောဆိုတဲ့အရာကို သဘောပေါက်ကြပါတယ်။ လူတွေကဲ့သို့ ခွေးတွေဟာလည်း ဝေါဟာရတွေ၊ အသံနေ အသံထားတွေ နားလည်ပြီး အဓိပ္ပါယ်ကောက်ယူဖို့ ဦးနှောက် တစ်ဖက်တစ်ချက်စီ အသုံးပြုကြတယ်လို့ ဆိုပါတယ်။

ခွေးတွေဟာ အပြုသဘောဆောင်တဲ့ စကားလုံးတွေ သုံးနှုန်းပြောဆိုတဲ့အခါ အကောင်းဆုံး ပြန်လည်တုံ့ပြန်ပြီး အပျက်သဘောဆောင်တဲ့ အသံနေ အသံထားတွေကိုလည်း နားလည်သဘောပေါက်ကြပါတယ်။ 

Ref: purewow 

974 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.